
ဘန်ကောက်မြို့ မြောက်ဘက်မှာ ရေကျဖို့ ကြိုးစား လုပ်ဆောင် နေရဆဲဖြစ်ပါတယ်
ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါးဆုံး ဖြစ်ပွားခဲ့တဲ့ ရေကြီးမှု တွေကြောင့် သေဆုံး ရသူ အရေအတွက် ၅၀၀ ရှိပြီဖြစ်ပါတယ်။
အခုအချိန်အထိ ရေတွေဟာ မြို့တော် ဘန်ကောက်ကို ဖြတ်သန်းစီးနေဆဲ ဖြစ်ပါတယ်။
ဘန်ကောက်မြို့မှာ အစားအသောက်နဲ့ တခြားပစ္စည်းတွေရနိုင်ပေမယ့် သွားလာဖို့က အတော့်ကို ခက်ခဲနေကြောင်း ဒေသခံတဦးက ပြောပြပါတယ်။
မကြာသေးခင် ရက်ပိုင်းတွေ အတွင်းမှာတော့ ရာသီဥတု အခြေအနေ ကောင်းလာတာကို တွေ့ရပါတယ်။
ဒါပေမယ့်လည်း အာဏာပိုင်တွေဟာ ဘန်ကောက်မြို့ မြောက်ဘက်ပိုင်းမှာ မြင့်တက်လာ နေတဲ့ ရေပမာဏကို လျှော့ချဖို့ အတွက်ကတော့ ကြိုးစား လုပ်ဆောင် နေရဆဲဖြစ်ပါတယ်။

