
အကြမ်းဖက်မှုအများဆုံးကတော့ ဟုမ်းစ်မြို့မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်
ဆီးရီးယားနိုင်ငံမှာ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး အကြမ်းဖက်မှုတွေ အတွင်း အရပ်သား ၄ ဦး သေဆုံးသွား တယ်လို့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှား သူတွေက ပြောပါတယ်။
အာရပ်နိုင်ငံများ အဖွဲ့ချုပ်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ပါ အချက်တွေ အရ လူနေရပ်ကွက် တွေ ကနေ သူတို့ တပ်ဖွဲ့တွေကို ပြန်ဆုတ်ပေးမယ် လို့ အစိုးရ ဘက် က ပြောပြီး နောက်ပိုင်း အကြမ်းဖက်မှုတွေဟာ အခုဆိုရင် ၄ ရက်မြောက် နေ့ အဖြစ် ရှိလာ နေပြီ ဖြစ်ပါတယ်။
အကြမ်းဖက်မှု အများဆုံးကတော့ ဟုမ်းစ်မြို့မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အာရပ်အဖွဲ့ချုပ်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် ပျက်ပြားသွားခဲ့မယ်ဆိုရင် ဒေသတွင်းမှာ ကြီးမားတဲ့ ဆိုးကျိုးတွေ ဖြစ်လိမ့်မယ်လို့ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ်က သတိပေး ထား ပါတယ်။
အရှေ့ အလယ်ပိုင်းဒေသ ဘီဘီစီ သတင်းထောက် ပြောတာကတော့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်ကနေ ဆီးရီးယားကို ထုတ်ပယ်တော့မယ့် အခြေအနေမျိုး ရှိလာ နေတယ်လို့ ဆို ပါတယ်။

