
ဘန်ကောက်မှာ ရေဆက်ကြီးနေ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရေကြီး နေသလို ဘန်ကောက်အနီးက မဟာချိုင်အရပ်မှာလည်း ရေကြီးနိုင်တဲ့ အတွက် ဒေသခံတွေ ကြိုဆင် ပြင်ဆင်ကြဖို့ အာဏာပိုင်တွေက သတိပေးကြေငြာချက် ထုတ်ပြန် လိုက်ပါတယ်။
မဟာချိုင်အရပ်မှာ မြန်မာနိုင်ငံသား သိန်းနဲ့ချီပြီး တော့လည်း နေနေကြပါတယ်။ အဲဒီက စက်မှုဇုံတွေနဲ့ ငါးလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြပြီး အများစုက မွန်နဲ့ ထားဝယ်တွေ ဖြစ်ပါတယ်။
နောက်ရက်ပိုင်းအတွင်းမှာ ရေကြီးလာဖို့ ရှိတယ်လို့ အာဏာပိုင်တွေက မဟာချိုင်က ရပ်ကွက်တွေထဲကို ကားနဲ့ လှည့်လည်ကာ အသံချက်စက်နဲ့ အော်ဟစ်သတိပေးနေတယ်လို့ ဒေသခံ မြန်မာတစ်ဦးက ပြောပါတယ်။
အသက်အရွယ်ကြီးသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ရွေးပြောင်းနေကြဖို့နဲ့ မြေမြင့်ရာကို ပြောင်းရွေ့နေကြဖို့ သတိပေးထားပါတယ်။
ဒါပေမယ့် မြန်မာအများစု အနေနဲ့ ပြောင်းစရာ နေရာမရှိသေးသလို တချို့ကလည်း မြန်မာပြည်ကို ပြန်ဖို့ လုပ်နေကြတယ်လို့လည်း သိရပါတယ်။

