နောက်ဆုံး ရေးသားချိန် 7 နိုဝင်ဘာလ 2011 - 01:00 GMT

ရွေးကောက်ပွဲ တနှစ်ပြည့်ပြီ

_elections_burma

မဲပေးခဲ့ ကြစဉ်က

ဒီနေ့ဟာ ဆိုရင် မြန်မာ နိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကြီး ကျင်းပခဲ့တာတနှစ်ပြည့် တဲ့နေ့ ဖြစ်ပါတယ်။ မနှစ်က ဒီလို အချိန်မှာ နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ် မဲ ပေးသူ ပေါင်း ၂၉ သန်း က မဲဆန္ဒ တွေ ပေးနိုင် ခဲ့ကြပါတယ်။

အဲဒီ ရွေးကောက် ပွဲနဲ့ ပတ်သက်လို့ မဲ မသမာ မှုတွေ ရှိခဲ့ တယ် ဆိုပြီး ပြောခဲ့ ကြသလို ထင်ရှား တဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလဲ ဝင်ရောက် ယှဉ် ပြိုင် ခြင်းမရှိ ခဲ့ပါဘူး ။

အဲဒီ ရွေးကောက် ပွဲမှာတော့ ကြံ့ခိုင်ရေး ပါတီက အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲ အပြီးမှာ တက်လာတဲ့ အစိုးရသစ် က လွန်ခဲ့တဲ့ တနှစ် ကျော်လောက် က မဖြစ်နိုင် လောက်ဘူး လို့ ထင်ရတဲ့ အတိုက်အခံ တွေနဲ့ ဆက်ဆံ မှုတွေ ပြုလုပ် လာတာတွေ စတဲ့နိုင်ငံရေး ပြောင်းလဲမှု တွေကို တော့ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ တွေ့လာ ခဲ့ရပါတယ်။

ရွေးကောက်ပွဲ တနှစ်ပြည့်ခဲ့ပြီ ဖြစ်လို့ ရှမ်းပြည်နယ်၊ သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး၊ သိန္နီ မြို့နယ် မဲဆန္ဒနယ် မှ လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်တဲ့ စိုင်းအိုက်ပေါင်း ကို ရှမ်းပြည်နယ် ဖွံ့ဖြိုးရေး ပိုင်းဆိုင်ရာ မှာ အားရ ကျေနပ်မှု၊ လုပ်ပိုင်ခွင့် ရှိမရှိ မေးရာမှာ၊ မူလတန်း အခမဲ့ ကျောင်းပညာရေး နဲ့ စီးပွားရေး အသင့်အတင့် ကောင်းပေမယ့် လမ်းပန်း ဆက်သွယ်ရေး မကောင်းသေး တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဝန်ကြီးတဦး အနေနဲ့တော့ သစ်တောနဲ့ ပတ်သက်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ရှမ်းပြည် လူထုအနေနဲ့ ပြည်နယ်ထွက် သတ္တုတွင်း တွေမှာ ရင်းနှီးမြှုပ်နှံရေး အပိုင်းမှာ အကူအညီ ပေးနိုင်ပုံ တွေ ဘီဘီစီ ကို ရှင်းပြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရ ဦးဆောင်တဲ့ အစိုးရ ဆိုပေမယ့် ရှမ်းဝန်ကြီး တဦး အပေါ်မှာ လုပ်ဖေါ် ကိုင်ဖက်လို သဘောထားပုံ၊ ခွဲခြား လုပ်ဆောင်မှု မရှိတဲ့ အကြောင်းလည်း ပြောပြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။