နောက်ဆုံး ရေးသားချိန် 8 အောက်တိုဘာလ 2011 - 00:48 GMT

ကဒါဖီ နောက်ဆုံး ခြေကုပ် အပြင်းအထန် တိုက်ခံရ

sirte

ကဒါဖီရဲ့ နောက်ဆုံး ခြေကုပ် ဆာရက်တကို အသွင် ကူးပြောင်းရေး တပ်တွေ အပြင်းအထန် တိုက်ခိုက်

ဗိုလ်မှုးကြီး ကဒါဖီကို ထောက်ခံသူတွေ ခြေကုပ် ယူထားတဲ့ ဆာရက်တမြို့ကို အသွင် ကူးပြောင်းရေး ကောင်စီကို သစ္စာ စောင့်သိတဲ့ တပ်တွေ မနေ့က တနေ့လုံး အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် ဆာရက်တမြို့ တမြို့လုံး နီးနီးကို အသွင် ကူးပြောင်းရေး ကောင်စီက သိမ်းပိုက် နိုင်ခဲ့ပါတယ်။

မြို့ထဲကို မနေ့က တနေ့လုံး အမြှောက်တွေ၊ ဒုံးလက်နက်တွေနဲ့ အပြင်းအထန် ပစ်ခတ် ခဲ့ပြီးနောက် ကဒါဖီ ဆန့်ကျင်ရေး လက်နက်ကိုင်တွေ ရာနဲ့ချီပြီး မြို့ထဲကို အရပ်မျက်နှာ ပေါင်းစုံက ဝင်ရောက်ခဲ့ကြပါတယ်။

အစပိုင်းမှာ မြို့ထဲက အပြင်းအထန် ခုခံပေမယ့် ကဒါဖီ သစ္စာစောင့်သိတဲ့ တပ်တွေ တဖြည်း ဖြည်း ဆုတ်ခွာပေးခဲ့ရပါတယ်။

ဆာရက်တ မြို့လယ်ခေါင်ကို ရောက်သွားတဲ့ ဘီဘီစီ သတင်းထောက်က နှစ်ဘက် စလုံးမှာ အကျအဆုံး များပေမယ့် အရပ်သား ဘယ်နှစ်ယောက် ဒဏ်ရာရပြီး၊ ဘယ်နှစ်ယောက် သေလဲ ဘယ်သူမှ အတိအကျ မသိဘူးလို့ သတင်း ပေးပို့ထားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။