နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2011 - 15:24 GMT

Steve Jobs ကို ကမ္ဘာတဝန်း က ဂုဏ်ပြု နှုတ်ဆက်ကြ

Steve Jobs

Apple ကို ထားခဲ့တဲ့ Steve Jobs

ကွန်ပြူတာ နည်းပညာ ဆိုင်ရာ ရှေ့ဦး တီထွင်သူ လည်းဖြစ်၊ Apple ကုမ္ပဏီ ကို တည်ထောင်သူ တွေ ထဲ က တဦး လည်း ဖြစ်တဲ့ Steve Jobs ကွယ်လွန် သွားတဲ့ အတွက် လူမှု ကွန်ရက် ဝက်ဆိုက်တွေ က တဆင့် လူ သန်းပေါင်း များစွာ ဟာ သူ့ သတင်း အကြောင်း ကို ပြောနေ ကြ ပါတယ်။

တရုတ်နိုင်ငံ တခု တည်းမှာ တင် သတင်း မက်ဆေ့ချ ပေါင်း သန်း ၅၀ ကျော် ပေးပို့ ခဲ့တာ ကို တွေ့ရပြီး အများစု က မစ္စတာ Steve Jobs အတွက် ဂုဏ်ပြု တဲ့ မက်ဆေ့ချ တွေ ပါ။

မစ္စတာ Steve Jobs ရဲ့ Apple Mac ကွန်ပြူတာ၊ iPads နဲ့ iPhones စတာ တွေ ကို ကမ္ဘာ တလွှား က လူသန်းပေါင်း များစွာ က သုံးစွဲ နေကြ တာပါ။

သူ့ကို ဂုဏ်ပြု နှုတ်ဆက် စကား ပါးကြတဲ့ သူတွေ ထဲ သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလတ် လည်း အပါအဝင် ပါ၊ မစ္စတာ Steve Jobs ဟာ ကမ္ဘာ ကို ပြောင်းလဲစေ ခဲ့တယ် လို့ ပြောမယ် ဆိုရင် ဒါဟာ ချဲ့ကား ပြောတာ မဟုတ်ဘူး လို့ ထင်ကြောင်း၊ သူ တီထွင်ပေးပြီး ချန်ထားရစ် ခဲ့တဲ့ ကုန်ပစ္စည်း တွေ ကို ကမ္ဘာ သူ ကမ္ဘာ သား တွေ နေ့စဉ် နဲ့ အမျှ သုံးစွဲ နေကြ ကြောင်း ပြောခဲ့ ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ကလည်း သူဟာ လူတွေရဲ့ ဘဝ များစွာ ကို ပြောင်းလဲ ပေးနိုင် သူ ဖြစ်တယ်လို့ ချီးကျူး ဂုဏ်ပြု စကား ပြောခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။