နောက်ဆုံး ရေးသားချိန် 7 အောက်တိုဘာလ 2011 - 01:02 GMT

အလွှဲသုံးစားမှုနဲ့ အုပ်ချုပ်ရေးမှူးဟောင်း သုံးယောက် ဖမ်းဆီးခံရပြီ

နိုင်ဂျီးရီးယား ပြည်သူတွေ ရေကြီးလို့ ယာယီ တံတား ပေါ်က ဖြတ်ပြေးကြ

နိုင်ဂျီးရီးယား နိုင်ငံမှာ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း သုံးယောက်ကို အလွဲသုံးစား လုပ်မှုနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အရာရှိတွေက ဖမ်းဆီး လိုက်ပါတယ်။

သူတို့ဟာ အမေရိကန် ဒေါ်လာ သန်းခြောက်ရာကျော် လိမ်လည်မှုနဲ့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

Ogun ၊ Oyo နဲ့ Nasarawa ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန် ယူခဲ့တုန်းက သူတို့ဟာ အစိုးရ စီမံကိန်းတွေမှာ အလွဲသုံးစား လုပ်ခဲ့ကြပြီး အစိုးရ ပိုင်ငွေတွေကို သူတို့ကိုယ်ပိုင် ငွေစာရင်းထဲ ပြောင်းထဲ့ ခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ဂျီးရီးယား စီးပွားရေးနဲ့ ဘဏ္ဍာရေး ရာဇဝတ်မှု ဆိုင်ရာ ကော်မရှင်က ဘီဘီစီ ကို ပြောပြခဲ့ပါတယ်။

သူတို့ကို လာမယ့် ရက်တွေ အတွင်း ရုံးတင် တရားစွဲမယ်လို့ ဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။