နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2011 - 23:38 GMT

မုံးကိုး တိုက်ပွဲကြောင့် စစ်ပြေး ဒုက္ခသည်တွေ ထွက်ပြေး

ပြေးလာတဲ့ ဒုက္ခသည်တွေ ဖြစ်သလို စားသောက် နေရ

ကေအိုင်အေနဲ့ အစိုးရ စစ်တပ်တွေကြား အဆက်မပြတ် တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ ကြာသပတေးနေ့ နေ့လည်တုန်းကတော့ တရုတ်မြန်မာ နယ်စပ် မူဆယ်ခရိုင် မုံးကိုး မြို့နယ်ခွဲ ဆင်ဂျိုင်ရွာ အနားမှာ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အစိုးရ တပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံ တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

အစိုးရ တပ်တွေဖက်က ၁၂ဝ မမ အပါအဝင် အမြောက် လက်နက်ကြီးတွေ သုံးပြီး အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် မုံးကိုးဖက်ကို စစ်ပြေး ဒုက္ခသည်တွေ ရာနဲ့ချီ ထွက်ပြေး တိမ်းရှောင် လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကေအိုင်အေဖက်က အပြောအရ ဒီတိုက်ပွဲတွေ အတွင်း အစိုးရ စစ်တပ်ဖက်က ၄ယောက်သေ တယောက် ဒဏ်ရာရသွားပြီး ကေအိုင်အေ ဖက်ကတော့ အထိအခိုက် မရှိဘူးလို့ ပြောပါတယ်။

ဒီအသေအပျောက် စာရင်းတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။