နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2011 - 01:20 GMT

ထိုင်းဝန်ကြီးချုပ် ယဉ်လပ်ရဲ့ နေပြည်တော် ခရီး

မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ယဉ်လပ်

ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ဟာ မနေ့က ဗုဒ္ဓဟူးနေ့တုန်းက နေပြည်တော်ကို ပထမဆုံး တရားဝင် ခရီး သွားရောက်ခဲ့ပြီး သမ္မတသစ် ဦးသိန်းစိန်နဲ့ တွေ့ခဲ့ပါတယ်။

ဒီခရီးဟာ အိမ်နီးချင်း နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ရည်ရွယ် သွားရောက်ခဲ့တာ ဖြစ်ပြီး ထိုင်း အစိုးရ အဆိုအရ ထိုင်းမြန်မာ နယ်စပ်က ချစ်ကြည်ရေး တံတား ပြန်ဖွင့်ပေးဖို့ ဝန်ကြီးချုပ် ယင်လပ်က မြန်မာဖက်ကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီတံတားဟာ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လ ကတည်းက ပိတ်ထားခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၊ ရွေ့ပြောင်း အလုပ်သမား အရေး ကိစ္စနဲ့ စွမ်းအင် ထုတ်လုပ်ရေးမှာ ပူးပေါင်း ဆောင်ရွက်ဖို့ နှစ်ဖက် ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာ သတင်းမှာ ရေးသားထားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။