နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2011 - 16:57 GMT

ဆီးရီးယားအပေါ် ဆုံးဖြတ်ချက် တရုတ်နဲ့ရုရှားပယ်ချ

ဆီးရီးယားနိုင်ငံနဲ့ လုံခြုံရေးကောင်စီ အတွက် ဝမ်းနည်းဖွယ်နေ့ ဖြစ်တယ်လို့ ပြင်သစ်ပြော

ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြ မှု တွေကို အကြမ်းဖက် နှိပ်ကွပ်မှုတွေ ပြုလုပ်နေ တဲ့ အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ ဆုံးဖြတ်ချက်တခု ချမှတ်မယ့်အပေါ် တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဗီတိုအာဏာသုံး ပယ်ချလိုက် တဲ့အတွက် အနောက်နိုင်ငံ အစိုးရတွေက အဲဒီ နှစ်နိုင်ငံ ကို အပြင်းအထန် ဝေဖန် ရှုတ်ချလိုက် ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဆီးရီးယားအစိုးရရဲ့ ဖိနှိပ်မှုတွေအပေါ် ရှုတ်ချတဲ့ ဆုံးဖြတ်ချက် မချမှတ်နိုင်ခြင်းဟာ နိုင်ငံတကာ ဥပဒေနဲ့ လူ့အခွင့်အရေး တွေအတွက် တကယ့်ကို ဝမ်းနည်းဖွယ်ရာ နေ့တနေ့ ဖြစ်တယ်လို့ ဂျာမဏီ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကလည်း ဒီကနေ့ဟာ ဆီးရီးယားနိုင်ငံနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အတွက် ဝမ်းနည်းဖွယ်ရာ နေ့တနေ့ ဖြစ်တယ်လို့ ပြောပါတယ်။

အာဏာရှင်တဦးကနေ သူ့ရဲ့လူထုအပေါ် အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတာကို ကုလသမဂ္ဂအနေနဲ့ ကျယ်ကျယ်လောင်လောင် ပြောဆိုမှုတွေ တိုးမြှင့် လုပ်ဆောင် သင့်တယ် လို့လည်း သူကပြောပါတယ်။

ဗြိတိန်ကတော့ အခုလို ဗီတိုအာဏာသုံးတာဟာ ရက်စက်တဲ့ အစိုးရတရပ်ကို အကာအကွယ် ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။