နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2011 - 16:35 GMT

ထိုင်းနိုင်ငံ ရေကြီးမှု လူပေါင်း ၂၃၇ ဦးသေဆုံး

ထိုင်းနိုင်ငံမှာ နှစ်လအတွင်းမှာ ခရိုင်ပေါင်း ၅ဝ ကျော် ရေကြီးခဲ့တာ ဖြစ်ပါတယ်

ထိုင်းနိုင်ငံမှာ နှစ်လအတွင်း ရေကြီးမှုတွေ ဆက်တိုက် ဖြစ်နေတဲ့အတွက် လူပေါင်း ၂၃၇ ဦး သေဆုံးပြီး လယ်ဧကပေါင်း သန်းချီ ပျက်ဆီးခဲ့ရပါတယ်။

ဘန်ကောက်မြို့မှာတော့ အရင်ကဆို ရေစီး ညင်သာတဲ့ ကျောက်ဖယားမြစ်ဟာ အခု ရေစီးသန်နေပြီး ကမ်းခြေတဝိုက်မှာ ရေစဝင် နေပြီဖြစ်တဲ့အတွက် မြစ်ကမ်းခြေမှာ သဲအိတ်တွေ ကာထားတာ တွေ့ရတယ်လို့ ကျောက်ဖယားမြစ်ရေ အခြေအနေကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့တဲ့ ဘီဘီစီ သတင်းထောက် အေ့က်ရတ် ဘန်စုန်က ပြောပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်အရ လာမယ့် ရက်ပိုင်းတွေအတွင်း ဘန်ကောက်မြို့ ကျောက်ဖယား မြစ် ကမ်းခြေတလျှောက် ရေကြီးမှုနဲ့ ရင်ဆိုင်ရမယ့် အနေအထားရှိတယ်လို့ ဆိုပါတယ်။

အခုရေကြီးမှုက ဘန်ကောက်မြို့ အထက်ပိုင်း ဖိစနုလို့၊ နခေါန်းစဝမ်း၊ လွတ်ဘူရီ အစရှိတဲ့ ခရိုင်တွေက စပြီး ရေကြီးလာတာ ဖြစ်ပါတယ်။ ရှေ့ဟောင်း စေတီပုထိုးမြို့ဖြစ်တဲ့ အယုဒ္ဓယ ခရိုင်လည်း ရေကြီးနေပါတယ်။

နှစ်လအတွင်းမှာ ရေကြီးတဲ့ ခရိုင်ပေါင်း ၅ဝ ကျော်ရှိခဲ့ပြီး၊ အခုရေကြီးတဲ့ ခရိုင်တွေဟာ စပါးအပါအဝင် စိုက်ပျိုးသီးနှံတွေကို အဓိက စိုက်ပျိုးတဲ့ ဒေသတွေ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။