
Steve Jobs နှုတ်ဆက်နေပုံ
ကမ္ဘာ့ အကြီးဆုံး နည်းပညာ ကုမ္ပဏီဖြစ်တဲ့ Apple ရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း Steve Jobs ကွယ်လွန်သွားပြီလို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ သူ့အသက်ဟာ ၅၆ နှစ် ဖြစ်ပြီး ပန်ကရိယ ကင်ဆာ ဝေဒနာကို နာတာရှည် ခံစားခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကျန်းမာရေး အခြေအနေကြောင့် ရာထူးက အနားယူခဲ့ ရပါတယ်။
ထက်မြက်မှု ၊ အလုပ်ကို မြတ်နိုး ခုံမင်စွာ လုပ်ကိုင်တက်မှုနဲ့ ကြိုးစားတဲ့ စွမ်းရည်တို့ဟာ တန်ဖိုး မဖြတ်နိုင်တဲ့ သူ့ရဲ့ တီထွင်ဖန်တီးနိုင်မှုတွေရဲ့ အခြေခံ ဖြစ်ပါတယ်လို့ California ပြည်နယ်က
Silicon Valley မှာ ရှိတဲ့ သူ့ ကုမ္ပဏီ ရုံးချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

