နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2011 - 00:56 GMT

သမ္မတ ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆာရာပေလင်း ကြေညာ

Sarah Palin အိုဘားမားနဲ့ ယှဉ်ပြီး သမ္မတ ရွေးပွဲ မဝင်တော့ဘူးလို့ ကြေညာ

အမေရိကန် ပြည်ထောင်စုမှာ နောက်နှစ်ကျရင် ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ဝင် အရွေးခံမှာ မဟုတ်ဘူးလို့ Alaska အုပ်ချုပ်ရေးမှူးဟောင်း Sarah Palin က ပြောပါတယ်။

Barack Obama နဲ့ ယှဉ်ပြီး ဝင်အရွေးခံရအောင် ရီပါ့ဘလစ်ကန် သမ္မတလောင်း စာရင်းပေးဖို့ အကြီးအကျယ် စဉ်းစားခဲ့ပေမယ့် သူ့မိသားစု အရေးကို ဦးစားပေးခဲ့ ရတယ်။

ပြီးခဲ့တဲ့ သမ္မတရွေးပွဲ တုန်းက ဂျွန်မက်ကိန်းက သူနဲ့အတူ ဒုသမ္မတလောင်း နေရာမှာ ဝင်ပြိုင်ဖို့ ဆာရာပေလင်းကို ရွေးခဲ့တာကြောင့် ကမ္ဘာတလွှား သတင်းလောကမှာ သူမကို အာရုံစိုက် ခံခဲ့ရပြီး လူအများအပြားရဲ့ အားပေး ထောက်ခံမှုကိုလည်း ရခဲ့ပါတယ်။

၂ဝဝဂ ခုနှစ် ကတည်းက စပြီး ဆာရာပေလင်းဟာ ဝင်ငွေ အမြောက်အမြားရတဲ့ ရုပ်မြင်သံကြား မေးမြန်းခန်း ရိုက်ကူးမှုတွေ လုပ်ဆောင်ခဲ့သလို သူမအကြောင်း ရေးထားတဲ့ စာအုပ်နှစ်အုပ်က အရောင်းရဆုံး စာရင်းဝင်ခဲ့ပြီး သူမရဲ့ Tea Party လှုပ်ရှားမှုကလည်း အောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။