နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2011 - 01:15 GMT

နယူးယောက်ခ် မြို့မှာ ဆန္ဒပြမှု ထပ်ဖြစ်

ဆန္ဒပြ သမားတွေကို ဖမ်းထားတဲ့ ရဲတွေ

အမေရိကန် ပြည်ထောင်စု New York မြို့မှာ Wall Street ငွေကြေး စျေးကွက်မှာ အရောင်းအဝယ် လုပ်နေကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အပေါ် မကျေနပ်လို့ ရာနဲ့ ချီတဲ့ လူတွေ စုရုံး ဆန္ဒပြခဲ့ ကြပါတယ်။

သယ်ယူပို့ဆောင်ရေး ကဏ္ဍက ဝန်ထမ်းတွေနဲ့ New York မြို့သားတွေ ပေါင်းပြီး လူတန်းစား သာတူ ညီမျှမှု မရှိတဲ့ အပေါ် ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးကာ မန်ဟတ်တန် ရပ်ကွက် အလယ်မှာ စုဝေး ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။

နိုင်ငံမှာ စီးပွားရေး ပြန်လည် ဦးမော့လာအောင် ဘဏ္ဍာရေး စျေးကွက်က ပိုပြီး ကူညီပံ့ပိုး ထည့်ဝင်ပေးဖို့ သူတို့က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ လကတည်းက စတင်ခဲ့တဲ့ အလားတူ ဆန္ဒပြပွဲတွေထဲမှာ မနေ့က ဆန္ဒပြမှုဟာ အကြီးဆုံး ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။