နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2011 - 15:26 GMT

ဆိုမာလီမှာ ကမ္ဘာ့ကြက်ခြေနီ ကူညီပြီ

အရင်က ကူညီခဲ့ပေမယ့် အခုအကြိမ် ကတော့ အကြီးမားဆုံး ကူညီပေးမှု ဖြစ်ပါတယ်

ဆိုမာလီနိုင်ငံမှာ အငတ်ဘေးကျရောက်နေ တဲ့ လူပေါင်း ၁ သန်းကျော်အတွက် အစား အစာတွေကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က စတင် ဖြန့်ဝေ ပေးနေပြီ ဖြစ်ပါ တယ်။

ဆိုမာလီနိုင်ငံက အငတ်ဘေးကျရောက်နေတဲ့ ဒေသတွေမှာ အခုထက်ထိ အကူအညီ အနည်း ငယ်သာ ရရှိပါသေးတယ်။

ကမ်းခြေဘက်ကနေ အစားအသောက်တွေကို ထရပ်ကားတွေနဲ့ သယ်ဆောင်ပြီး အဲလ်ရှာဘတ် အစ္စာလမ် သူပုန်တွေ ထိန်းချုပ်ထားရာ ဒေသအတွင်းဘက်တွေ အထိကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

အခုပြုလုပ်ပေးနေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ICRC အတွက် ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော လုပ်ငန်း ဖြစ်တယ်လို့ ပြောပါတယ်။

အဲလ်ရှာဘတ်အဖွဲ့နဲ့ ခက်ခက်ခဲခဲ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ အခုလို အကူအညီ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လယ်သမား ၂ သိန်း ကျော်အနေနဲ့ ကိုယ့်ဘာသာကိုယ် ပြန်လည် ရပ်တည်နိုင်ရေးအတွက် ဓာတ်မြေ သြဇာတွေနဲ့ အပင်မျိုးစေ့တွေကိုလည်း ပေးမှာဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။