နောက်ဆုံး ရေးသားချိန် 20 စက်တင်ဘာလ 2011 - 00:57 GMT

BBC အတွက် အလုပ်လုပ် ပေးတယ် ဆိုပြီး အီရန်မှာ သတင်းသမားတွေ ဖမ်းထား

Ayatollah Khamenei အကြောင်း သတင်း မှတ်တမ်းကား ပြပြီးတဲ့နောက် သတင်းသမားတချို့ အဖမ်းခံရ

အီရန် နိုင်ငံမှာ BBC Persian Service ဘီဘီစီ ပါရှန်းဌာန အတွက် အလုပ်လုပ်ပေးတယ် ဆိုတဲ့ မသင်္ကာမှုနဲ့ လူခြောက်ယောက်ကို အာဏာပိုင်တွေက ဖမ်းထားတယ်လို့ အစိုးရပိုင် ရုပ်မြင်သံကြားက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အီရန်မှာ ပါရှန်းဌာန အတွက် အလုပ်လုပ် ပေးတဲ့သူ တယောက်မှ မရှိဘူး၊ အခုဖမ်းခံ ရတဲ့သူတွေဟာ တသီးပုဂ္ဂလ ရိုက်ကူးရေး သမားတွေ ဖြစ်တယ်လို့ ဘီဘီစီက ပြောပါတယ်။

ဘီဘီစီ ပါရှန်း ဌာန အနေနဲ့ အဲဒီလူတွေရဲ့ ရိုက်ကူးချက်ကို ဝယ်ယူပိုင်ခွင့် ရှိပေမယ့် သူတို့ကို ငွေကြေးပေးပြီး ရိုက်ကူးခိုင်းတာ မရှိဘူးလို့လည်း ဆိုပါတယ်။

အီရန်ရဲ့ ဘာသာရေး ခေါင်းဆောင် Ayatollah Khamenei အကြောင်း သတင်းမှတ်တမ်းကား ကို ဘီဘီစီ ပါရှန်း ဌာနက ပြသခဲ့ပြီး နောက်တနေ့မှာ အခုလို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီဟာ ဗြိတိန် အစိုးရရဲ့ ဝါဒဖြန့် အဖွဲ့အစည်း တခုဖြစ်ပြီး အီရန် အစိုးရ မတည်မငြိမ် ဖြစ်အောင် ကြိုးစားနေတယ်လို့ အီရန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။