နောက်ဆုံး ရေးသားချိန် 18 စက်တင်ဘာလ 2011 - 15:09 GMT

အီဂျစ်နိုင်ငံရွေးကောက်ပွဲ နိုဝင်ဘာကျင်းပမည်

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ အချိန်ဇယားကို တပတ်အတွင်း အတည်ပြုနိုင်

အီဂျစ်နိုင်ငံမှာ နှစ်သုံးဆယ်ကြာ အာဏာ ယူထားခဲ့တဲ့ သမ္မတ ဟော့စနီမူဘာရက်ကို ဖေဖေါ်ဝါရီ လူထုအုံကြွမှုနဲ့ ဖြူတ်ချခဲ့ပြီး နောက်ပိုင်း အခုတော့ ပါလီမန် ရွေးကောက်ပွဲတွေ ကျင်းပမယ့် အချိန် ဇယား တင်ပြချက် ထွက်လာပြီ ဖြစ်ပါ တယ်။

ရွေးကောက်ပွဲတွေကို အဆင့် သုံးဆင့် သတ်မှတ်ထားပြီး၊ လာမယ့် နိုင်ဝင်ဘာ ၂၁ ရက်နေ့ မှာတော့ ပထမအဆင့် ပြုလုပ်မှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လို့ သမ္မတရွေးကောက်ပွဲကျင်းပမယ့် ရက်နဲ့ ပတ်သက်ပြီးတော့ ဘာသတင်းမှ ထွက်မလာသေးပါဘူး။

တိုင်းပြည်ကို လက်ရှိတာဝန်ယူထားတဲ့ စစ်ကောင်စီ အနေနဲ့ အခု အချိန်ဇယားနဲ့ ပတ်သက်ပြီး နောက်ဆုံးပိတ် ဆုံးဖြတ်ချက်ကို တပတ်အတွင်း ကြေညာလိမ့်မယ်လို့ ယူဆရကြောင်း ကိုင်ရိုမှာရှိတဲ့ ဘီဘီစီသတင်းထောက် ကပြောပါတယ်။

အီဂျစ်နိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီပြီး မသာမာတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နေခဲ့ရာ၊ အခုတော့ လွတ်လပ်မှု အပြည့်အဝ ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ်လို့ အတိုက်အခံတွေက မျှော်လင့်နေကြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။