
အရှေ့ ဂျေရုစလင်ကို မြို့တော်ကိုပါ ပါလက်စတိုင်း နယ်နမိတ်ထဲ ထည့်သွင်းမည်။
ရှေ့အပတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ခေါ်တဲ့အခါ ပါလက်စတိုင်းကို ကုလသမဂ္ဂ အဖွဲ့ဝင် အဖြစ် တင်းပြည့် ကျပ်ပြည့် လက်ခံဖို့ လျှောက်ထားမယ်လို့ ပါလက် စတိုင်း သမ္မတ မာမွတ် အာဘတ်က အတည်ပြု ပြောကြား ခဲ့ပါတယ်။
ပါကလက်စတိုင်းရဲ့ နိုင်ငံ နယ်နမိတ်ထဲမှာ ၁၉၆၇ ခုနှစ်က ရှိခဲ့တဲ့ ပါလက်စတိုင်း နယ်မြေ တွေ အားလုံးကို ထည့်သွင်းပြီး အရှေ့ ဂျေရု စလင်ကို ပါလက်စတိုင်း နိုင်ငံရဲ့ မြို့တော် အဖြစ် သတ်မှတ်ဖို့ လျှောက်ထားမယ်လို့ မစ္စတာ အာဘတ်စက ပြောပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့က ပါလက်စတိုင်းရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ပါလက်စတိုင်း နိုင်ငံ ပေါ်ပေါက်လာရေး ကိစ္စကို ခုမှ ဆွေးနွေး ညှိနှိုင်းနေတုန်းပဲလို့ ပြောပါတယ်။
အမေရိကန်ကတော့ ပါလက်စတိုင်း အာဏာပိုင်တွေရဲ့ လျှောက်ထားချက်ကို ဗီတို သုံးမယ်လို့ ချိမ်းခြောက် ထားပါတယ်။
သမ္မတ အိုဘားမားဟာ ရှေ့အပတ်မှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ တွေ့ပြီး အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေး စကားပြေပွဲ ပြန်စအောင် လုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

