နောက်ဆုံး ရေးသားချိန် 18 စက်တင်ဘာလ 2011 - 01:07 GMT

ဂီလာနီက ရေဘေးအတွက် ဆက်ကူမယ်လို့ဆို

sindh_flood

ပါကစ္စတန်က ရေဘေး ဒုက္ခသည်များ

ပါကစ္စတန် နိုင်ငံ မှာ ရေဘေးနဲ့ ကြုံနေရတဲ့ ဒုက္ခသည် တွေကို အစိုးရက ဖွင့်လှစ်ထား တဲ့ ကယ်ဆယ်ရေး စခန်း တွေမှာ နေချင် သလောက် နေနိုင် ကြကြောင်းနဲ့ လိုအပ်တဲ့ အကူ အညီ တွေကိုလဲ ပေးသွား မှာဖြစ် ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် ယူစွပ် ရာဂျာ ဂီလာနီက ဆိုလိုက် ပါတယ်။

မစ္စတာ ဂီလာနီဟာ ပါကစ္စတန် နိုင်ငံရဲ့ တောင်ပိုင်းမှာ ရှိတဲ့ ဆင်းဒ် ပြည်နယ် ကို ရောက်ရှိနေတာ ဖြစ်ပြီး အဲဒီ ဒေသမှာ ဒုတိယ နှစ်အဖြစ် မုန်သုန်မိုး သည်းထန်စွာ ရွာသွန်း ခဲ့လို့ အိမ်ခြေပေါင်း သိန်းနဲ့ချီ ရေမြုပ်နေ ရပြီး လူပေါင်း ရာနဲ့ ချီပြီးလဲ အသက် ဆုံးရှုံးခဲ့ ရပြီး ဖြစ်ပါတယ်။

ဒုက္ခသည်တွေ ဘက်ကတော့ အစိုးရ ရဲ့ကယ်ဆယ်ရေး စခန်းတွေဆီကို ရောက်အောင်သွား ဖို့ မလွယ်ကြောင်းနဲ့ တချို့ စခန်းတွေကလဲ လူတွေ ပြည့်နေပြီး ဖြစ်နေလို့ ဝင်လို့ မရကြဘူး လို့ ဆိုပါတယ်။

ဆင်းဒ် ပြည်နယ် က ဘီဘီစီ သတင်းထောက် ကတော့ ဝန်ကြီးချုပ်ရဲ့ ဒီ ရေဘေး ကို ကိုင်တွယ် ဖြေရှင်း ပုံတွေ နဲ့ ပတ်သက်ပြီး မကျေနပ် ကြသူတွေ များ လာ နေတယ် လို့ သတင်း ပေးပို့ ထား ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။