နောက်ဆုံး ရေးသားချိန် 17 စက်တင်ဘာလ 2011 - 16:01 GMT

ဗြိတိန်ရဲ့ လစ်ဘရယ်ဒီမိုရက်ပါတီ ညီလာခံ စတင်

ပါတီခေါင်းဆောင် Nick Clegg ဟာ ညီလာခံမှာ အကြီးအကျယ် စည်းရုံးရမှာဖြစ်

ဗြိတိန်နိုင်ငံရဲ့ တတိယအကြီးဆုံးပါတီ လည်းဖြစ်၊ အာဏာရညွန့်ပေါင်း အစိုးရ မှာလည်း ပါတဲ့ လစ်ဘရယ် ဒီမိုရက်ပါတီ (Lib Dem) ရဲ့ညီလာခံကို ဘာမင်ဟန်မြို့ မှာ ဒီကနေ့ စတင် ကျင်းပပြီ ဖြစ်ပါတယ်။

၅ ရက်ကြာ ကျင်းပမယ့် ဒီညီလာခံကို လူပေါင်း ၆၀၀၀ နီးပါးလောက်တက်ရောက်နိုင်ပြီး၊ ဘာမင်ဟန်မြို့ နေရာအတော်များများမှာလည်း အစုအဖွဲ့အလိုက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြ ပါတယ်။

ပါတီဝင်တွေက သူတို့ရဲ့ အမြင်သဘောထားတွေကို တင်ပြ ဆွေးနွေးကြမှာ ဖြစ်ပြီး၊ ဒါတွေ ဟာ Lib Dem ပါတီက ချမှတ်မယ့် မူဝါဒတွေအတွက် အရေးကြီးပါတယ်။

လူမှု သက်သာချောင်ချိရေးနဲ့ ကျန်းမားရေး ကိစ္စ ဆိုင်ရာ မူဝါဒတွေ အပါအဝင် အရေးကြီးတဲ့ မူဝါဒ အမျိုးအမျိုးအတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက တတိယနေရာက အနိုင်ရခဲ့တဲ့ လစ်ဘ်ဒမ်ပါတီဟာ ညွန့်ပေါင်း အစိုးရအဖွဲ့မှာ နေရာ ရထားပေမယ့်လည်း၊ ရွေးကောက်ပွဲမတိုင်ခင်က ပြည်သူကို ပေးထား တဲ့ ပညာရေး ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ လွဲချော်နေတဲ့အတွက် ပါတီဝင်တွေနဲ့ မဲဆန္ဒရှင်တွေက ဒါကို သိပ်မကျေနပ်ကြပါဘူး။

ဒီအတွက်ကြောင့် ပြီးခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ Lib Dem ပါတီဟာ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရသလို လူထုစစ်တမ်းမှာလည်း အများကြီး ကျလာခဲ့ပါတယ်။

ပါတီခေါင်းဆောင် Nick Clegg အတွက်တော့ ဒီနှစ်ဟာ ခက်ခဲတဲ့ နှစ်ဖြစ်ပြီး၊ ဒီအတွက် သူဟာ ညီလာခံမှာ စည်းရုံးမှုတွေကို အကြီးအကျယ်လုပ်ရမှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။