နောက်ဆုံး ရေးသားချိန် 18 စက်တင်ဘာလ 2011 - 01:30 GMT

မြန်မာနိုင်ငံမှာ အင်တာနက် ပိုလွတ်လပ်လာ

bbc_burmese_website

ဘီဘီစီ မြန်မာ ဝက်ဆိုက် စာမျက်နှာ

မြန်မာ နိုင်ငံမှာ အင်တာနက် အသုံးပြု သူတွေဟာ အရင်က ပိတ်ပင် ထားတဲ့ အင်တာနက် ဝက်ဆိုက် တွေကို နှစ်ပေါင်း များစွာ အတွင်း ပထမဆုံး အကြိမ် ပြန် ကြည့်ခွင့် ရနေ ပါတယ်။

ပြန်ကြည့်လို့ ရတဲ့ ဝက်ဆိုက် တွေထဲမှာ ပြည်ပ ရောက် အစိုးရ ဆန့်ကျင်ရေး ဝက်ဆိုက်တွေ၊ ဘီဘီစီ နဲ့ ယူကျုဘ် အပါအဝင် ပြည်ပ သတင်း ဌာနတွေရဲ့ ဝက်ဆိုက်တွေ ပါဝင် ပါတယ်။

အစိုးရက ဘာမှ မကြေညာဘဲ ပြန်ဖွင့် ပေးခဲ့ပုံ ရတယ်လို့ ထင်ကြေးပေး ပြောဆို နေပါတယ်။

မြန်မာ နိုင်ငံဟာ ပါရီ အခြေစိုက် နယ်စည်း မထား သတင်း ထောက်များ မီဒီယာ လွတ် လပ် ခွင့် အဖွဲ့ရဲ့ သတ်မှတ် ချက်အရ မီဒီယာ လွတ်လပ်ခွင့် မရှိဆုံး နိုင်ငံ တွေထဲ တနိုင်ငံ အပါ အဝင် ဖြစ်ပြီး ၂၀၀၇ သံင်္ဃာ့ အရေး အခင်း နောက်ပိုင်းက စပြီး ဝက်ဆိုက် တွေကို တင်း တင်း ကြပ် ကြပ် ပိတ်ပင် ထား ခဲ့တာ ဖြစ် ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။