နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2011 - 00:51 GMT

ကမ္ဘာ့ဘဏ်ကြီးတွေရဲ့ ဆောင်ရွက်ချက် စျေးကွက်က အပြုသဘော တုန့်ပြန်

ဥရောပ ဘဏ်ကြီးရဲ့ အမှတ်တံဆိပ်

ကမ္ဘာ့ ထိပ်တန်း ဗဟိုဘဏ်ကြီး ငါးခုက ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းဖို့ ခြေလှမ်းသစ်တွေ စနေပြီလို့ ဆိုခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ ဥရောပ ငွေကြေးစျေးကွက်မှာ အပြုသဘော ဆောင်တဲ့ တုန့်ပြန်မှုတွေ တွေ့ရပါတယ်။

New York မြို့မှာ လေးရက်မြောက် နေ့အဖြစ် အစုရှယ်ယာစျေးတွေ ဆက်တက် နေပါတယ်။

စီးပွားရေး ဘဏ်တွေကို ပေးစရာရှိတဲ့ အကြွေးတွေကို အချိန်မှီ ပြန်ဆပ်နိုင်ဖို့ အတွက် သူတို့ကို ဘဏ်ကြီးတွေက အမေရိကန် ဒေါ်လာငွေကို အပိုထုတ်ချေး ပေးမှာ ဖြစ်ပါတယ်။

ဥရောပက ဘဏ်တချို့ဟာ ယူရိုဇုံထဲက အစိုးရတချို့က သူတို့ပေါ်တင်ရှိနေတဲ့ ချေးငွေတွေ ပြန်မဆပ်နိုင်မှာကို စိုးရိမ်နေတာကြောင့် လိုသမျှငွေကို ထုတ်ချေးဖို့ လက်တွန့်နေကြတာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။