နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2011 - 00:59 GMT

ခေတ်မှီပြီး လက်တွေ့ကျတဲ့ ဒီမိုကရေစီ ဖြစ်အောင် မလေးရှား ဖော်ဆောင်မယ်

မလေးရှား ဝန်ကြီးချုပ် မစ္စတာ နာဂျစ် ရာဇတ်

မလေးရှားနိုင်ငံမှာ အစိုးရက လူတွေကို ရုံးမတင်ဘဲ အကန့်အသတ် မရှိ ထိန်းသိမ်း ထားနိုင်တဲ့ လုံခြုံရေး ဆိုင်ရာ ဥပဒေတွေကို ဖျက်သိမ်း လိုက်ပါတယ်။

ခေတ်မှီပြီး လက်တွေ့ကျတဲ့ ဒီမိုကရေစီ စံနစ်ဖြစ်အောင် ရည်ရွယ်ပြီး အခုလို ပြည်တွင်း လုံခြုံရေး ဆိုင်ရာ ဥပဒေနဲ့ တခြား ဥပဒေတွေကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Najib Razak က ပြောပါတယ်။

ဒီလုံခြုံရေး ဆိုင်ရာ ဥပဒေတွေဟာ ဗြိတိသျှ ကိုလိုနီ လက်ထက် ကတည်းက ရှိခဲ့တာ ဖြစ်ပြီး အစိုးရ အဆက်ဆက် လက်ထက်မှာ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေ ၊ ကျောင်းသားတွေနဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချဖို့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစား အကြမ်းဖက် သမားလို့ သံသယ ရှိသူတွေကို ဖမ်းဆီး ထိန်းသိမ်းနိုင်မယ့် လုံခြုံရေး ဆိုင်ရာ ဥပဒေသစ်တွေ မလေးရှားမှာ ပြဌာန်းတော့မှာပါ။

မစ္စတာ နာဂျစ်ဘ်ဟာ ရွေးကောက်ပွဲ စောစော ကျင်းပဖို့ ပြင်ဆင်နေပြီး လူထု တောင်းဆိုချက်တွေနဲ့ လိုက်လျော ညီထွေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ ဆန္ဒပြင်းပြ နေပုံ ရတယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။