
Yak 42 လေယာဉ် ပျက်ကျသွား
ရုရှားမှာ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ လူ၄၃ ယောက် သေဆုံးသွားပြီး အဲဒီ အထဲမှာ ရုရှားနဲ့ ဥရောပက ကမ္ဘာ့ ထိပ်တန်း ရေခဲပြင် ဟော်ကီ ကစားသမားတွေ ပါဝင်ပါတယ်။
Yak 42 လေယာဉ်ဟာ ညနေ လေးနာရီ ငါးမိနစ်မှာ ပျက်ကျ သွားခဲ့ပြီး ကနဦး သတင်းတွေ အရ လေယာဉ်ပေါ်ပါ ၃ရ ယောက် အနက် ၃၆ယောက် သေဆုံးသွားပြီး တယောက်ကတော့ ပျောက်ဆုံးနေတယ်လို့ ယူဆရကြောင်းရုရှား ဗဟို အရေးပေါ် ဝန်ကြီးဌာန ပြောခွင့်ရသူ Yelena Smirnykh အတည်ပြု ဆိုသွား ခဲ့ပါတယ်။
ဒါ့အပြင် ဟော်ကီ ကစားသမား ၂ရ ယောက်နဲ့ အားကစား အသင်း အုပ်ချုပ်သူ ၉ ယောက် သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
Belarus မှာ သွားရောက် ကစားကြမယ့် ရုရှား အသင်း Lokomotiv Yaroslavl ရဲ့ ကစားသမားတွေ တင်ဆောင်လာတဲ့ စင်းလုံးငှား လေယာဉ်ဟာ မော်စကိုမြို့ အရှေ့ မြောက်ပိုင်း လေဆိပ် ကနေ ပျံတက်သွားပြီး မကြာခင် မြစ်ထဲထိုးကျ သွားတာကြောင့် လေယာဉ်ပေါ်ပါ ကစားသမားတွေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပေါ် ပါသွားသူတွေ အနက် အသက်မသေဘဲ အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူနေရသူ နှစ်ယောက် ကတော့ လေယာဉ်အမှုထမ်းနဲ့ ရုရှား ကစားသမား Alexander Galimov ဖြစ်ပါတယ်။
သေဆုံးသွားသူတွေ ထဲမှာ အားကစား အသင်း တာဝန်ခံ အရာရှိတွေ ၊ လေယာဉ် အမှုထမ်းတွေအပြင် ဆလိုဗာကီးရန်း အသင်းခေါင်းဆောင် Pavol Demitra နဲ့ ဆွီဒစ်ရှ် လူမျိုး ဂိုးသမား Stefan Liv တို့လည်း ပါဝင်ပါတယ်။

