နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2011 - 08:13 GMT

အိန္ဒိယမှာ ဗုံးကွဲလို့ လူသေဆုံး ဒဏ်ရာရ

အိန္ဒိယ နိုင်ငံ ဒေလီ မြို့တော် မြို့လယ်ခေါင်က ဗဟို တရားရုံးချုပ် ရှေ့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အတွက် လူ ကိုးယောက်ထက် မနည်း သေဆုံးပြီး ၄၇ ယောက် ဒဏ်ရာ ရသွားခဲ့ တယ်လို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

Delhi Blast

တရားရုံးချုပ် ရှေ့မှာ ဗုံးပေါက်ကွဲ

ဗုဒ္ဓဟူးနေ့ မနက် လူစည်ကားလှတဲ့ အချိန် ၁၀ နာရီ ကျော်လောက်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပြည်ထဲရေး ဝန်ကြီးက တိုက်ခိုက်မှုကို ရှုတ်ချ လိုက်ပြီး ဘယ်သူ့ လက်ချက်လဲ ဆိုတာ သိလိုတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ တုန်းကလည်း အဲဒီ တရားရုံးချုပ် ရှေ့မှာပဲ အခုလောက် မပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

ထိခိုက်မှု မရှိခဲ့ ပေမဲ့ လူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြ ပါတယ်။

အခု တိုက်ခိုက်မှုကို မူဂျာဟစ်ဒင်လို့ ခေါ်တဲ့ အစွန်းရောက် ကွန်ယက် တစ်ခုရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ယူဆမှုတွေ ရှိနေပေမဲ့ ဘယ်တစ်ဦး တစ်ယောက်ကိုမှ ဖမ်းဆီးမှုတော့ မရှိသေးပါဘူး။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။