နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2011 - 17:17 GMT

တရုတ်နိုင်ငံမှာ ဘီလျံနာသူဌေးတွေ တိုးပွားလာ

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကတော့ Liang Wengen ဖြစ်ပါတယ်

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘီလျံနာသူဌေးပေါင်း နောက်ထပ် ၂၇၁ ဦး ထပ်တိုးလာတယ်လို့ အသစ်ပြုစုထားတဲ့ သူဌေးစာရင်း တခုမှာ ဖေါ်ပြထားပါတယ်။

ဒါဟာ နောက်ထပ် ရာခိုင်နှုန်း ၃၀ ကျော် ထပ်တိုးလာတာ ဖြစ်ပြီး စာရင်းအားလုံးကို စုလိုက်ရင် တရုတ်နိုင်ငံမှာ ဘီလျံနာ သူဌေး ပေါင်းဟာ ၆၀၀ နီးပါး ရှိလာပြီ ဖြစ်ပါ တယ်။

အခုလို ကဋေကြွယ်သူဌေးတွေ အလျင်အမြန် တိုးပွားလာတာဟာ ကုန်သွယ်ရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ တမဟုတ်ခြင်း တိုးတက်လာတာနဲ့ အတူ စတော့ရှယ်ရာ စျေးကွက်မှာလည်း အောင်မြင်မှု ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အချမ်းသားဆုံးပုဂ္ဂိုလ်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် သူဌေးကြီး လီယန်ဝမ်းဂျန် ဖြစ်ပြီး သူဟာ ဒေါ်လာ ၁၁ ဘီလီယံ ပိုင်ဆိုင်သူ ဖြစ်ပါတယ်။

ကမ္ဘာ့နဲ့အဝန်း ဘဏ္ဍာရေး အကျပ်အတည်း ရင်ဆိုင်ရနိုင်တယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့်လည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ၁၀ ရာခိုင်နှုန်းလောက်အထိ တိုးတက်မှု ရှိနေဆဲ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။