
Texas ပြည်နယ်မှာ တောမီးအကြီးအကျယ် လောင်ကျွမ်း
အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်မှာ တောမီး အကြီးအကျယ် လောင်ကျွမ်း နေတာကြောင့် အိမ်ခြေ အလုံး သုံးရာလောက် မီးထဲပါသွားတယ်လို့ သိရပါတယ်။
Texas ပြည်နယ် မြို့တော် ဖြစ်တဲ့ Austin အရှေ့တောင်ဖက် ကနေ စတင်လိုက်တဲ့ မီးဟာ ၂၅ ကီလိုမီတာ လောက်အထိ ပြန့်နှံ့သွားခဲ့ပါတယ်။
မြေပြင်ကနေ အဲဒီ တောမီးကို မငြိမ်းသက်နိုင်တာကြောင့် ဝေဟင်ကနေ လေယာဉ်နဲ့ ဖြန်းပက် မီးငြိမ်းသတ်နေရတယ်လို့ သစ်တော အာဏာပိုင်တွေက ပြောပါတယ်။
တက္ကဆက် ပြည်နယ်မှာ ဆယ်စုနှစ်ဝက် အတွင်း အဆုံးဝါးဆုံး ပူပြင်း ခြောက်သွေ့မှုကို ခံစားနေရပြီး ဆယ်နေရာလောက်မှာ တောမီးလောင်ကျွမ်းနေတယ်လို့ ဆိုပါတယ်။

