နောက်ဆုံး ရေးသားချိန် 5 စက်တင်ဘာလ 2011 - 01:32 GMT

ကဒါဖီ ရဲ့သား တဦး သေဆုံး ခဲ့ပြီ

gaddafi

ကဒါဖီရဲ့ သားများ

လစ်ဗျား နိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီရဲ့ သားတဦး ဟာထရစ်ပိုလီ မြို့ အနားမှာ သေဆုံး သွားခဲ့ ကြောင်းနဲ့ သူ့ကို ဘန်နီဝါ လစ် မြို့အနားမှာ မြှုပ်နှံ ခဲ့ပြီး ဖြစ်တယ်လို့ ဘင်ဂါဇီ မြို့မှာ ရှိကြတဲ့ အတိုက်အခံတွေ ဘက်ကဆိုပါတယ်။

ဒီသေဆုံး သွားခဲ့သူဟာ ခါမစ္စ ကဒါဖီ ဖြစ်ပြီး သူဟာ ခါမစ္စ တပ်မ လို့ နာမည် ပေးထားကြတဲ့ အမှတ် ၃၂ တိုးချဲ့တပ်မ ရဲ့တပ်မှူး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က သူပုန် တပ်ဖွဲ့တွေ ရဲ့ ပြောခွင့်ရသူက တော့ သူဟာ နေတိုးက ဇီလ် တန် မြို့ကို တိုက်ခိုက်စဉ် မှာ သေဆုံး ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပေမယ့် အတည်ပြုလို့ တော့ မရနိုင်ပါဘူး။

အရင်ကလဲ ခါမစ္စ ကျဆုံးသွားခဲ့ ပြီဆိုပြီး သတင်း တွေ ၂ ခါလောက်ထွက် လာခဲ့ ပေမယ့် သူက တကယ် မသေဘဲ ပြန်ပြန် ပေါ်လာ ခဲ့ဖူးပါတယ်။

နောက် တခါ ထောက်လှမ်းရေး အကြီးအကဲ ဖြစ်တဲ့ အဗ္ဗဒူလာ ဆန်နူဆီ ရဲ့ သားဖြစ်သူ မိုဟာမက် ဆန်နူဆီ ဟာလဲ သေဆုံးသွား ခဲ့ပြီ ဖြစ်တယ်လို့ အတိုက်အခံ တွေဘက်က ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။