နောက်ဆုံး ရေးသားချိန် 3 စက်တင်ဘာလ 2011 - 23:27 GMT

ဂါဇာအတွက်တူရကီ အစ္စရေးကို ရုံးတိုင်မယ်

davutoglu

တူရကီ နိုင်ငံ ခြားရေး ဝန်ကြီး အာမက် ဒါဗူတိုဂလူ

အစ္စရေး ဘက်က ဂါဇာ ကမ်းမြှောင်ကို ပိတ်ဆို့ ထား တဲ့ကိစ္စ နဲ့ ပတ်သက် ပြီး အပြည်ပြည် ဆိုင်ရာ တရား ရုံးကို တင်ပြဖို့ အတွက် ပြင်ဆင် နေတယ် လို့ တူရကီ က ပြော ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နှစ်က ဂါဇာ ကမ်းမြှောင်ကို ဦးတည်လာ တဲ့ သင်္ဘောတွေ ကို အစ္စရေး တပ်ဖွဲ့တွေ က စီးနင်းခဲ့ ရာမှာ အဲဒီ သင်္ဘော တွေပေါ် မှာ ပါလာတဲ့ တူရကီ လူမျိုး ၉ ဦး အသက် ဆုံး ရှုံး ခဲ့ရတဲ့ နောက်ပိုင်း မှာ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာ လာခဲ့ တာကို ပြသ နေတာပဲ ဖြစ် ပါတယ်။

ကုလသမဂ္ဂ က ဒီ သင်္ဘော စီးနင်းမှု ကိစ္စ တွေ နဲ့ ပတ်သက်ပြီး လုပ်ခဲ့တဲ့ စုံစမ်း မှု အပြီး မှာ ထုတ်ပြန် ခဲ့တဲ့ အစီရင် ခံစာ ထဲမှာ အစ္စရေး ဘက်က ဂါဇာ ကမ်းမြှောင်ကို လုံခြုံရေး အတွက် ပိတ်ဆို့ ထားခြင်းဟာ တရားဝင် တယ်လို့ ဖော်ပြ ထား ခဲ့တာ ကို တူရကီ ဘက်က လက်မခံ နိုင်ဘူးလို့ လဲ တူရကီ နိုင်ငံ ခြားရေး ဝန်ကြီး အာမက် ဒါဗူတိုဂလူက တူရကီ နိုင်ငံပိုင် ရုပ်မြင် သံကြား မှာ ပြောကြား သွားပါတယ်။

ဒါကလဲ တူရကီ နိုင်ငံ ဆိုင်ရာ အစ္စရေး သံအမတ် ကြီးကို နိုင်ငံကနေ ထွက်ခွာ သွားစေခဲ့ ပြီး နောက်တရက် အကြာ မှာ အခုလို ပြောကြား လိုက်တာ ပဲ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။