နောက်ဆုံး ရေးသားချိန် 4 စက်တင်ဘာလ 2011 - 00:48 GMT

ကျူးဘားကာကွယ်ရေး ဝန်ကြီးကွယ်လွန်

bay_of_pigs

ကျူးဘား တော်လှန်ရေး ရဲဘော်များ

ကျူးဘား နိုင်ငံရဲ့ တော်လှန်ရေး ရဲဘော် ဟောင်းကြီး ဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီး ဟူလီယိုကာဆတ်စ် ရဂွဲရို ကွယ်လွန်သွား ကြောင်း ကျူးဘား နိုင်ငံ ပိုင် ရုပ်မြင်သံ ကြား က ကြေငြာသွား ခဲ့ပါတယ်။

ဗိုလ်ချုပ် ကာဆတ်စ် ရဂွဲရို ဟာ နှလုံး ရောဂါ နဲ့ကွယ်လွန် သွားခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ သူဟာ အသက် ၇၅ နှစ် ရှိပြီ ဖြစ်ပါတယ်။

သူဟာ ၂၀၀၈ ခုနှစ်မှာ သမ္မတ ရာအူးလ် ကက်စ်ထရို ရဲ့ ကာကွယ် ရေးဝန်ကြီး အဖြစ် ခန့်အပ် ခံခဲ့ရတဲ့ အချိန် အထိ ကျူးဘား စစ်တပ် ရဲ့ အဓိက ကျတဲ့ စီးပွား ရေး လုပ်ငန်း တွေကို တာဝန်ယူ ထားခဲ့တာ ဖြစ်ပါတယ်။

ဟူလီယို ကာဆတ်စ် ရဂွဲရို ဟာ အရင်က စာရင်းကိုင် တဦး ဖြစ်ပြီး ၁၉၅၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ဖြုတ်ချတာ ခံခဲ့ရတဲ့ ဖူလ်ဂျန်ဆီယို ဘာတစ္စတာ ကို တော်လှန်ခဲ့စဉ် က ရာအူးလ် ကက်စ်ထရိုရဲ့ လက်အောက် မှာ တာဝန် ထမ်းဆောင် ခဲ့တာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။