နောက်ဆုံး ရေးသားချိန် 7 သြဂုတ်လ 2011 - 01:55 GMT

လစ်ဗျားမှာတိုက်ပွဲ တွေ အရှိန်တက်

_libya_rebels

လစ်ဗျား သူပုန်များ

လစ်ဗျား နိုင်ငံ အနောက်ပိုင်း မှာတော့ သူပုန် တပ်ဖွဲ့တွေနဲ့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ တပ်ဖွဲ့တွေ အကြားမှာ တိုက်ပွဲ တွေ ပြင်း ထန် နေပါတယ်။

သူပုန်တွေက ထရစ်ပိုလီ မြို့တော်က ကီလိုမီတာ ၈၀ အကွာ လောက်မှာ ရှိတဲ့ ဘီယာ ဂါနမ် မြို့ ကို သိမ်းပိုက်ထား နိုင်တဲ့ အခြေ အနေမျိုး မှာ ရှိနေ ပါတယ်။

ဒါပေမယ့် ဒီ သတင်းက သေတော့ မသေချာသေး ပါဘူး။ တကယ်သာ မှန်ခဲ့ ရင်တော့ ဒါဟာ သူပုန်တွေ အတွက် မြို့တော်နဲ့ အနီးဆုံး ကို ချဉ်းကပ် လာ နိုင်ခြင်း ပဲ ဖြစ် ပါတယ်။

သူပုန် တွေက နောက်တဆင့် အဖြစ် ဆိပ်ကမ်း မြို့ ဖြစ်တဲ့ ဇာဝီယာကို ဝင် သိမ်းချင်တယ်လို့ ဆိုပါတယ်။ အဲဒီ မြို့ကို လွန်ခဲ့တဲ့ ၅ လ လောက်က သူပုန်ထကာစ မှာ သိမ်းယူ နိုင်ခဲ့ ပေမယ့် နောက်ပိုင်း မှာ သူတို့တွေ တိုက်ထုတ် ခံခဲ့ ရတာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။