
တရုတ်နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi
တရုတ် နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi ဟာ မြောက်ပိုင်းဆူဒန်ရဲ့ မြို့တော် Khartoum ကို ရောက်လာပါတယ်။
သူဟာ နက်ဖြန် အင်္ဂါနေ့မှာ လွတ်လပ်ရေး ရခါစ တောင်ပိုင်းဆူဒန်ကိုလည်း သွားရောက် မယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာ ဆူဒန်နိုင်ငံနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ သမ္မတ Omar al-Bashir တို့ကို အဓိက ထောက်ခံနေသူ ဖြစ်ပါတယ်။
ဆူဒန်နိုင်ငံက ရေနံအများအပြားကို တရုတ်ကို တင်သွင်းနေပြီး တရုတ် ကုမ္ပဏီ အတော်များများ ကလည်း ဆူဒန်က ရေနံထုတ်လုပ်ရေးမှာ ပါဝင်လုပ်ကိုင် နေတာ ဖြစ်ပါတယ်။
အခုတော့ ဆူဒန်နိုင်ငံရဲ့ ရေနံမြေ လေးပုံသုံးပုံ လောက်ဟာ လွတ်လပ်ရေး ရကာစ ဖြစ်တဲ့ တောင်ပိုင်း ဆူဒန်ထဲမှာ ရှိနေတာကြောင့် ဘတ်ပြောင်းသွားခြင်း ရှိမရှိဆိုတာကို တရုတ်နိုင်ငံအနေနဲ့ တောင်ပိုင်းဆူဒန်ရဲ့ ဆက်ဆံရေးအား နီးနီး ကပ်ကပ် လေ့လာစောင့်ကြည့်ရလိမ့်မယ်လို့ မြောက်ပိုင်းဆူဒန်က Khartoum က ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

