နောက်ဆုံး ရေးသားချိန် 7 သြဂုတ်လ 2011 - 01:41 GMT

နိုင်ငံရေးသမားတွေ လက်တွဲဖို့ အိမ်ဖြူပြော

usa

အကြွေးယူခွင့် လျော့သွားတဲ့ အမေရိကန်

အမေရိကန် ပြည်ထောင်စု မှာ ကြုံတွေ့ နေရတဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေး အကြပ် အတည်း တွေကို ဖြေရှင်း နိုင်ရေး အတွက် အမေရိကန် နိုင်ငံရေး ပါတီ ကြီး နှစ်ခုက နိုင်ငံရေး သမား တွေကို ပူးပေါင်း ပြီး ကြိုးပမ်း ကြဖို့ အိမ်ဖြူတော် က တိုက်တွန်း လိုက်ပါတယ်။

ဒါကတော့ အကြွေးယူ ခွင့် သတ်မှတ်ပေး တဲ့ Standard and Poor အေဂျင်စီက အမေရိကန်ရဲ့ အကြွေးယူနိုင်ခွင့် ကို ပထမဆုံး အကြိမ်အဖြစ် အေသုံးလုံး အဆင့်ကနေပြီးလျှော့ချခဲ့တဲ့ နောက်မှာ အခုလို တိုက်တွန်း လိုက်တာ ဖြစ်ပါတယ်။

အဲဒီ အေဂျင်စီက အမေရိကန် မှာ ဘဏ္ဍာရေး မူဝါဒနဲ့ ပတ်သက်ပြီး နိုင်ငံရေး သဘော ကွဲလွဲ မှုတွေက ရင်ကြားစေ့ ဖို့ မလွယ် နိုင်ဘူး လို့ ဆိုပါတယ်။

အဲဒီ Standard and Poor အေဂျင်စီ ရဲ့ ဥက္ကဌ ဖြစ်တဲ့ John Chambers က တော့ အပြစ် တင်ရမယ် ဆိုရင် တော့ အများ ကြီး ပဲ ဖြစ်ကြောင်း၊ ဒီ အစိုးရလက်ထက် မှ ဒါတွေ ဖြစ်လာတာ မဟုတ်ကြောင်း၊ အစိုးရရဲ့ ပြန်တမ်း တွေကို ကြည့်ရင် လွန်ခဲ့တဲ့ အနှစ် ၃၀ လောက် ထဲက စနေပြီ လို့ ဆိုနိုင်ကြောင်း နဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အစပိုင်း ထဲက ဘဏ္ဍာရေး မူလဲ ရှိခဲ့ကြောင်း၊ စုရမဲ့ အချိန်မှာ မစုဆောင်းပဲ သုံးစွဲနေခဲ့ ကြောင်းနဲ့ အခု ဘဏ္ဍာရေး ပိုင်းက လဲ အားနည်း နေလို့ ဘာမှ သိပ်ပြီး လုပ်လို့ မရတဲ့ အခြေကို ဆိုက်နေကြောင်း တွေကို ပြောသွား ပါတယ်။

တရုတ် နိုင်ငံက တော့ အမေရိကန် အခုလို အကြွေး ယူခွင့် လျှော့ချ ခံရတဲ့ အပေါ်မှာ ပြင်းပြင်း ထန်ထန် တုန့်ပြန် လိုက်ပါတယ်။ တရုတ် သတင်း ဌာန ရှင်ဟွာက အမေရိကန် အနေနဲ့ သူ့ရဲ့ လူမှုရေး အသုံးစားရိတ် တွေနဲ့ ကြီးမားတဲ့ စစ်ရေး အသုံးစားရိတ် တွေကို လျှော့ချ ဖို့ လိုနေပြီ လို့ ဆိုလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ အကြွေးယူနိုင်ခွင့် ကျဆင်း သွား မှု နဲ့ ပတ်သက်လို့ သိပ်ပြီး ထိတ်လန့် တကြား မဖြစ်ကြဖို့ တောင်ကိုရီးယား နဲ့ ဩစတေးလျ တို့ အပါအဝင် အာရှ နိုင်ငံ တချို့ကတော့ သတိပေး လိုက် ပါတယ်။

ဂျပန်နိုင်ငံကလဲ အမေရိကန်ရဲ့ ငွေစု လက်မှတ် တွေ အပေါ် ယုံကြည်မှု ဆက်လက် ရှိနေတယ်လို့ လဲ ဆိုလိုက်ပါတယ်။

ဥရောပ ဘက်ကတော့ ပြင်သစ် ရဲ့ ဘဏ္ဍာရေး ဝန်ကြီး က သူ ကတော့ အမေရိကန် စီးပွားရေးရဲ့ တောင့်တင်း မှု အပေါ်မှာ အပြည့်အဝ ယုံကြည်ကြောင်း ပြောလိုက်ပြီး ဒီ အခက်အခဲ တွေကို အမေရိကန်တွေ ကျော်လွှား နိုင်ကြလိမ့်မယ်လို့ လဲ ဆိုပါတယ်။

ဒါကတော့ ယူရို ငွေကြေး သုံးစွဲ နေကြတဲ့ ဇုန်အတွင်း မှာလဲ ကြွေးမြီနဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို ဥရောပ ခေါင်းဆောင်တွေ ကြိုးပမ်းနေကြတဲ့ အတောအတွင်းမှာ သူက အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ဒီခေါင်းဆောင် တွေက တနင်္လာနေ့ ဈေးကွက် မဖွင့်ခင် အမှီ ညီညွတ်တဲ့ အဖြေတခု ရဖို့ ကြိုးပမ်းနေကြ တာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။