
လုပ်ငန်းတွေအောင်မြင်ဖို့ ကျွန်တော်တို့တွေဟာ နိုင်ငံရေးကို ခဏဖယ်ထားပါတယ်
အမေရိကန်ပြည်ထောင်စုရဲ့ အကြွေးယူနိုင် တဲ့ credit အဆင့်ဟာ အရင် အေသုံးလုံး (AAA) ကနေ အေနှစ်လုံးအပေါင်း (AA+) အဆင့် ကို ကျဆင်းသွားခဲ့တဲ့အပေါ် တရုတ် နိုင်ငံ ရှင်ဝှာ သတင်းဌာနက အမေရိကန်ကို ဝေဖန် ပြောဆိုလိုက်ပါတယ်။
အမေရိကန်ဟာ သူ့နိုင်ငံရဲ့ ရှုပ်ထွေးနေတဲ့ ကြွေးမီ ပြဿနာတွေအတွက် ငွေတွေ လိုသလို ချေးယူခဲ့တာကြောင့် နောက်ထပ် ငွေရနိုင် မယ့် အခြေအနေ မရှိတော့ဘူးလို့ ရှင်ဝှာက ပြောပါ တယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အင်မတန် ကြီးမားလှတဲ့ စစ်အသုံးစရိတ်နဲ့ လူမှုဖူလုံရေး ကုန်ကျ စရိတ်တွေကို လျှော့ချဖို့လိုအပ်တယ်လို့ ပြောပါတယ်။ နောက်ပြီး ဒေါ်လာ ငွေကြေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေအပေါ် နိုင်ငံတကာရဲ့ အစီအမံကို အမေရိကန်အနေနဲ့ လက်ခံဖို့ လိုတယ်လို့လည်း ပြာပါတယ်။
လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ကြွေးရှင်နိုင်ငံကြီးတခုလည်း ဖြစ်ပါ တယ်။
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကတော့ စီးပွားရေး တိုးတက်လာဖို့အတွက် ဒီမိုကရက်တွေနဲ့ ရီပါဘလီကန်တွေ အတူတကွ လက်တွဲလုပ်ဆောင်ဖို့ လိုအပ် ကြောင်း၊ နောက်ပြီး လုပ်ငန်းတွေအောင်မြင်ဖို့ အတွက် နိုင်ငံရေးကို ခဏဘေးဖယ်ထားပါတယ်လို့ သူ့ရဲ့အပတ်စဉ် ရေဒီယို မိန့်ခွန်းမှာ ပြောကြားသွားတာပါ။
Standard and Poor's ဆိုတဲ့ credit အဆင့် သတ်မှတ်ပေးတဲ့ အေဂျင်စီက အမေရိကန်ရဲ့ အဆင့်ကို အေနှစ်လုံးအပေါင်း (AA+) အဖြစ် လျော့ချလိုက်တာ ဖြစ်ပါတယ်။
အကြောင်းကတော့ အမေရိကန်ပြည်ထောင်စုရဲ့ တင်ရှိနေတဲ့ အကြွေးတွေကို လျှော့ချဖို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အစီအစဉ်ဟာ လုံလောက်မှု မရှိဘူးလို့ အေဂျင်စီက ပြောပါတယ်။
ဒါပေမယ့်လို့ အေဂျင်စီ အနေနဲ့ ဒေါ်လာ ၂ ထရီလီယံ လောက် အတွက်မှားခဲ့တယ်လို့ အမေရိကန်က ပြန်စွပ်စွဲလိုက်ပါတယ်။

