နောက်ဆုံး ရေးသားချိန် 6 သြဂုတ်လ 2011 - 15:26 GMT

တရုတ်နိုင်ငံအရှေ့ပိုင်းကို တိုင်ဖုန်းမုန်တိုင်းဝင်မယ်

လေတိုက်နှုန်း တနာရီ ၁၆၀ ကီလိုမီတာနဲ့ မုန်တိုင်း ဝင်ရောက်မှာ ဖြစ်ပါတယ်

တရုတ်နိုင်ငံ အရှေ့ပိုင်းကို အင်အားပြင်းတဲ့ မူအီးဖား တိုင်ဖုန်း မုန်တိုင်း ကျရောက် တော့မယ့် အန္တရာယ် ရှိနေတာကြောင့် အဲဒီဒေသက လူပေါင်း ၂ သိန်းကျော်ကို အာဏာပိုင်တွေက ဘေးလွတ်ရာကို ပြောင်း ရွှေ့ခဲ့ပါတယ်။

မုန်တိုင်းဟာ ရှန်ဟိုင်းမြောက်ဖက် ဂျတ်ဂျီယန် ပြည်နယ်ကမ်းခြေကို ဝင်ရောက်တော့မှာ ဖြစ်တဲ့အတွက် ထောင်နဲ့ချီတဲ့ ငါးဖမ်း သင်္ဘောတွေကို ကမ်းခြေကို ပြန်ခေါ်ထားပြီး၊ သင်ယူ ပို့ဆောင်ရေး လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားပါတယ်။

လေတိုက်နှုန်း တနာရီ ၁၆၀ ကီလိုမီတာနဲ့ အဲဒီကမ်းခြေကို မနက်ဖြန် တနင်္ဂနွေနေ့မှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ လှိုင်းလုံးတွေကလည်း ၃၆ ပေ အမြင့်လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဂျန်ပန်နိုင်ငံတောင်ပိုင်း ဒေသတွေကို ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။