
အငတ်ဘေး ကြုံနေရတဲ့ မိုဂါဒစ်ရှူးမြို့က အခြေအနေ
ဆိုမာလီနိုင်ငံ Mogadishu က အငတ်ဘေး ဒုက္ခသည်စခန်းမှာ အဓိကရုန်း ဖြစ်ခဲ့စဉ်အတွင်း အစိုးရ တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူရယောက် သေဆုံးသွားပါတယ်။
အငတ်ဘေးဒဏ် ခံနေရတဲ့ သူတွေအတွက် ကုလသမဂ္ဂရဲ့ ထောက်ပံ့မှု အကူအညီ ပစ္စည်းတွေကို အစိုးရတပ်ဖွဲ့က ခိုးယူနေတာကြောင့် စခန်းက လူတွေ ဝင်ဟန့်တား ရာက ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။
အစိုးရ တပ်ဖွဲ့ဝင် စစ်သားတွေက ကုန်တင်ကား နှစ်စင်းစာ အပြည့် ရိက္ခာတွေ တင်ဆောင် သွားတာတွေ့တယ်လို့ မိုဂါဒစ်ရှူးမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အာဖရိက ဦးချိုဖျား ဒေသမှာ မိုးခေါင်ရေးရှား ဒဏ်ကြောင့် လူ၁၂သန်း လောက် အငတ်ဘေးနဲ့ ရင်ဆိုင်နေရပြီး အများစုဟာ ဆိုမာလီ နိုင်ငံက ဖြစ်ပါတယ်။

