နောက်ဆုံး ရေးသားချိန် 6 သြဂုတ်လ 2011 - 00:57 GMT

ဂျူပီတာဂြိုလ်ကို လေ့လာဖို့ ဂျူနိုအာကာသယာဉ် လွှတ်တင်

Cape Canaveral က အာကာသယာဉ် လွှတ်တင်မှု

ဒေါ်လာ သန်းတထောင် အကုန်အကျခံပြီး Jupiter ကြာသပတေးဂြိုလ်လေ့လာရေး စီမံကိန်း စတင် ဆောင်ရွက်နေရာမှာ အမေရိကန် ပြည်ထောင်စု Florida ဖလော်ရီဒါ ပြည်နယ်က Cape Canaveral အာကာသစခန်း ကနေ Juno ဂျူနိုအမည်ရှိ နေရောင်ခြည် စွမ်းအင်သုံး လူမပါတဲ့ အာကာသယာဉ်ကို လွှတ်တင်လိုက်ပါပြီ။

အာကာသယာဉ်ရဲ့ ဓါတ်ငွေ့ ယိုစိမ့်နိုင်တဲ့ အနေအထားတွေကို အင်ဂျင်နီယာတွေက စစ်ဆေးနေတာကြောင့် သတ်မှတ်ထားတဲ့ အချိန် ထက် တနာရီ နောက်ကျပြီး လွှတ်တင်ခဲ့ ရပါတယ်။

နေစကြာသဌာ အတွင်း အကြီးဆုံးဖြစ်တဲ့ Jupiter ကြာသာပတေးဂြိုလ်ဆီရောက်ဖို့ ဂျူနို အာကာသယာဉ် ဟာ လမ်းခရီးမှာ ငါးနှစ်အချိန်ကြာမြင့် လိမ့်မယ်လို့ ဆိုပါတယ်။

ဒီဂြိုလ်ကို လေ့လာခြင်းအားဖြင့် ကမ္ဘာ အပါအဝင် တခြား ဂြိုလ်တွေအားလုံး ဘယ်လိုဖွဲ့စည်းနေသလဲ ဆိုတဲ့ နက်နဲတဲ့ အကြောင်းအရာတွေကို နားလည်နိုင်မှာ ဖြစ်တယ်လို့ စီမံကိန်းခေါင်းဆောင် သိပွံပညာရှင် Scott Bolton စကော့ ဘော်လ်တွန်က ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။