
တူရကီ ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး နက်ဒက် အိုဇဲလ်
တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့ သတင်းပတ်က ထိပ်တန်းဗိုလ်ချုပ်ကြီး ၄ ဦး နှုတ်ထွက် ခဲ့ပြီးနောက် တူရကီ သမ္မတ အဗ္ဗဒူလာ ဂူးလ်ဟာ စစ်တပ် အကြီးအကဲကို ခန့်အပ် လိုက်ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ကြီး နက်ဒက် အိုဇဲလ်ကို တာဝန်ပေး လိုက်ပါတယ်။ ဒီနေရာမှာ သူရောက်လာမယ်လို့ အများက ခန့်မှန်းပြီး သားဖြစ်ပေမယ့် တူရကီမှာ အရပ်သား အစိုးရကနေ စစ်ဦးစီးချုပ်ကို ခန့်အပ်တာက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အရင်ကတော့ စစ်တပ်က တင်ပြလာတဲ့ သူကိုသာ သမ္မတက ခန့်အပ်ပေးရတာ ဖြစ်ပါတယ်။
သမ္မတက တခြား ကျည်း၊ ရေ၊ လေ စစ်ဦးစီးချုပ် တွေကိုလည်း ခန့်အပ်ခဲ့ပါတယ်။

