
စုံစမ်း စစ်ဆေးခံရတော့မယ့် ခရစ်စတင်း လဂါး
International Monetary Fund နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ရဲ့အ ကြီးအကဲသစ် Christine Lagarde ဟာ ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့တုန်းက အာဏာကို အလွှဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမယ်လို့ ပြင်သစ် တရားရုံးတခုက အတည်ပြုလိုက်ပါတယ်။
၂ဝဝဂ ခုနှစ်တုန်းက စီးပွားရေး လုပ်ငန်းရှင်တယောက်ကို နစ်နာကြေး ဒေါ်လာ သန်း ၄ဝဝ ပေးခဲ့တဲ့ အပေါ် စွပ်စွဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။
အဲဒီလုပ်ငန်းရှင်ဟာ President Sarkozy ရဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှုကို ပြောင်းလဲ ထောက်ခံ ခဲ့ပြီး လအတော်ကြာတဲ့အခါမှာ သူကို နစ်နာကြေး ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီစွပ်စွဲ ပြောကြားမှုတွေနဲ့ ပတ်သက်လို့ သူဘာမှ အမှား မလုပ်ခဲ့ဘူးလို့ မစ်လဂါးက ငြင်းဆို ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှု အပေါ် စိုးရိမ်ကြောင့်ကြ မဖြစ်မိဘူးလို့ ဆိုပါတယ်။
IMF အိုင်အမ်အက်ဖ် အဖွဲ့ကြီးကတော့ မစ္စ လဂါးဟာ သူ့တာဝန်တွေကို ထိထိ ရောက်ရောက် ဆက်လက် ထမ်းဆောင် သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

