နောက်ဆုံး ရေးသားချိန် 4 သြဂုတ်လ 2011 - 23:48 GMT

အယ်ရှာဘတ် အဖွဲ့ လမ်းဖွင့်ပေးဖို့ မစ္စက် ကလင်တန် ပန်ကြား

အယ်ရှာဘတ် အဖွဲ့ အနှောက်အယှက် မပေးဖို့ မစ္စက် ကလင်တန် ပြောကြား

ဆိုမာလီ နိုင်ငံက အစ္စလာမ် ဝါဒီ စစ်သွေးကြွတွေ အနေနဲ့ သူတို့ထိန်းချုပ်ရာ နယ်မြေမှာ ရှိတဲ့ အငတ်ဘေးဒဏ်ခံနေရတဲ့ ဒုက္ခသည်တွေအတွက် အကူအညီပို့ဆောင်မှုတွေကို ပိတ်ဆို့ မထားဘဲ လွတ်လွတ်လပ်လပ် သွားခွင့်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပန်ကြားထားပါတယ်။

ဒုက္ခရောက်နေသူ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေး အကူအညီတွေကို အန္တရာယ်မရှိ လွတ်လပ်စွာ ပို့ဆောင်ခွင့် ပေးရမယ်လို့ အယ်ရှာဘတ် အဖွဲ့ကို မစ္စက် ကလင်တန်က ပြောကြားလိုက်ပါတယ်။

မွတ်ဆလင် တွေရဲ့ ဥပုသ်လအတွင်း အငတ်ဘေး ဒုက္ခဒဏ် အဆိုးရွားဆုံး ခံနေရတဲ့ ကလေးငယ်တွေကို ကယ်ဆယ်ရေး အကူအညီ မရအောင် လုပ်နေတာဟာ ဝမ်းနည်းစရာ ကောင်းတယ်လို့ ဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။