နောက်ဆုံး ရေးသားချိန် 3 သြဂုတ်လ 2011 - 09:51 GMT

မူဘာရက်ကို ရုံးထုတ်ပြီ

အီဂျစ် သမ္မတဟောင်း ဟိုဆနီ မူဘာရက်ကို အဂတိ လိုက်စားမှု၊ ဆန္ဒပြသူတွေကို သတ်ဖြတ်ဖို့ အမိန့် ပေးခဲ့မှု စတဲ့ စွဲချက်တွေနဲ့ ဗုဒ္ဓဟူးနေ့က ရုံးထုတ်ခဲ့ ပါတယ်။

္Former Egyptian President Mr Mubarak

အမှု ရင်ဆိုင် လောက်တဲ့ ကျန်းမာရေး အခြေ အနေ မရှိဘူး လို့ ရှေ့နေ တွေ ပြောခဲ့ကြ

မစ္စတာ မူဘာရက်ကို ဆေးရုံ အရေးပေါ် လူနာတင်ကားနဲ့ ကိုင်ရို မြို့တော်က တရားရုံးကို ခေါ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။

အခု လောလောဆယ် မှာတော့ တရားရုံး ကြားနာမှုတွေကို ခေတ္တ ရပ်နားထား ပါတယ်။

စောစောပိုင်းက မစ်စတာ မူဘာရက်အပါအဝင် တရားခံ အဖြစ် စွပ်စွဲခံထားရသူ ဆယ်ယောက်ရဲ့ ရှေ့နေတွေကို တရားရုံး အတွင်းမှာ စည်းကမ်း တကျ ငြိမ်သက်မှု ရှိအောင် ထိန်းသိမ်း နိုင်ဖို့ တရားရုံးက တရားသူကြီးမှာ အခက်အခဲ ရှိခဲ့တာ တွေ့ရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။