နောက်ဆုံး ရေးသားချိန် 3 သြဂုတ်လ 2011 - 15:38 GMT

ကချင်ဒေသ မှာ တိုက်ခိုက်မှု ကြောင့် လူ ၈ ဦး သေဆုံး

kachin_kia_government

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု တွေ က ဆုံးဖြတ် ချက် မကျသေး

ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို နဲ့ အစိုးရ အကြား အပစ် အခတ်ရပ်စဲ ရေး အတွက် ဆွေးနွေး နေကြတဲ့ ကာလ မှာပဲ ကချင် ဒေသ အတွင်း မိုင်းခွဲ တိုက်ခိုက်မှု ကြောင့် ရဲ တပ်ဖွဲ့ဝင် တွေ အပါအဝင် လူ ၈ ဦး သေဆုံးခဲ့ ပါတယ်။

အင်္ဂါနေ့ ညနေ ပိုင်း ၅ နာရီ မိနစ် ၂၀ လောက်မှာ မိုးမောက်မြို့နယ် ဆန်ဂန်ရွာ အနီး လမ်း ပေါ်မှာ တာပိန် ရေအားလျှပ်စစ် စက်ရုံ အတွင်း က ထွက်လာ တဲ့ ကားတစီး ဟာ ကေအိုင်အို က ထောင်ထားတဲ့ မိုင်း ကြောင့် ကားပေါက်ကွဲ ပျက်စီး သွား ပြီး ကားပေါ်ပါ လူ ၈ ဦး စလုံး သေဆုံး သွားပါတယ်။

သေဆုံးသွားတဲ့ သူတွေထဲ မြန်မာအစိုးရ ရဲတပ်ဖွဲ့ က ဒုရဲအုပ် တဦးလည်း ပါဝင် ပါတယ်။

ကချင် လက်နက်ကိုင် တပ်ဖွဲ့ ရဲ့ အဆို အရ အပစ်အခတ်ရပ်စဲ ရေး သဘောတူညီမှု ကလည်း မရရှိသေးချိန် သူတို့ တားမြစ်ထားတဲ့ နယ်မြေမှာ အခုလို အသွားအလာ တွေ လုပ်လို့ အခုလို ဖြစ်ရ ကြောင်း သိရပါတယ်။

ကချင်လွတ်မြောက်ရေး လက်နက်ကိုင် တပ်ဖွဲ့ နဲ့ အစိုးရ ကိုယ်စားလှယ် တွေကြား ကချင် ဒေသ အတွင်း အပစ် အခတ်ရပ်စဲရေး နဲ့ ပတ်သက်ပြီး ဆွေးနွေး မှု တွေ တနင်္လာ နဲ့ အင်္ဂါနေ့ တွေက ပြုလုပ် ခဲ့ပါတယ်။

အခုလို အချိန် ကာလ မှာ ပဲ မြန်မာအစိုးရ သမ္မတ ရဲ့ နိုင်ငံရေးဆိုင်ရာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင် က တဖက်နဲ့ တဖက် တိုက်ခိုက် နေ ကြမယ့် အစား ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်း က ကောင်းမွန်တဲ့ နည်းလမ်း ဖြစ်ကြောင်း ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။