နောက်ဆုံး ရေးသားချိန် 4 သြဂုတ်လ 2011 - 02:05 GMT

သြဂုတ်လ ၁၅ရက်မှာ Mubarak အမှု ဆက်စစ်မယ်

Mubarak အမှု တရားခွင်ကို ရုပ်မြင်သံကြား ကနေ အီဂျစ်ပြည်သူတွေ တိုက်ရိုက်ကြည့်

ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ အီဂျစ် သမ္မတ Hosni Mubarak ဟာ အဂတိ လိုက်စားမှု၊ ဆန္ဒပြသူ ရာပေါင်းများစွာကို သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့မှု စွဲချက်တွေမှာ အပြစ်မရှိ ကြောင်း မနေ့က လျှောက်လဲခဲ့ အပြီးမှာ လာမဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ ကိုင်ရိုမြို့ တရားရုံးမှာ ထပ်မံ ရုံးတင် စစ်ဆေး ခံရမှာ ဖြစ်ပါတယ်။

အသက် ၈၃ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ မစ္စတာ Mubarak ဟာ မနေ့က အမှု ကြားနာ စစ်ဆေး နေစဉ် တလျှောက်လုံးမှာ တရားခံထားရာ အကာအရံဝန်းထဲက လူနာတင် ထမ်းစင်ပေါ်မှာ လဲလျောင်းနေခဲ့ပါတယ်။

သူက ဘာပြစ်မှုကိုမှ သူ ကျူးလွန်ခဲ့တာ မရှိဘူးလို့ ပြောပါတယ်။

ဆန္ဒပြသူတွေကို သတ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့ စွဲချက်အရ သေဒဏ် အပြစ်ပေးနိုင်ပါတယ်။

သူ့ရဲ့ သားနှစ်ဦးကလည်း သူတို့အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှု စွဲချက်တွေကို ငြင်းဆို ခဲ့ကြပါတယ်။

မစ္စတာ Mubarak ရဲ့ တရားခွင်ကို တရားရုံးတွင်းနဲ့ တရားရုံး အပြင်ဖက်မှာ လူ ခြောက်ရာ လောက် လာရောက် ကြည့်ရှု ခဲ့ကြပြီး ရုပ်မြင်သံကြား ကနေ လူသန်းနဲ့ ချီ ကြည့်ခဲ့ကြ ပါတယ်။

အီဂျစ် ပြည်ထဲရေး ဝန်ကြီးဟောင်း Habib al-Adly နဲ့ တခြား လုံခြုံရေး တာဝန်ရှိ ပုဂ္ဂိုလ် ၆ဦးအပါအဝင် နောက်ထပ် တရားခံတွေရဲ့ အမှုတွေကိုတော့ မနက်ဖြန် ကြာသပတေးနေ့မှာ ဆက်လက် ကြားနာ စစ်ဆေးမှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။