နောက်ဆုံး ရေးသားချိန် 8 ဇူလိုင်လ 2011 - 00:46 GMT

ဗြိတိန်က လျော်ကြေးပေးဖို့ ဥရောပ တရားရုံး အမိန့်ချ

လူ့အခွင့်အရေး ဆိုင်ရာ ဥရောပ တရားရုံး အဆောက်အဦ

အီရတ် စစ်ပွဲအတွင်း ဗြိတိသျှ တပ်သားတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အီရတ် လူမျိုးတွေရဲ့ မိသားစုဝင် တွေကို ဒေါ်လာ သိန်းနဲ့ချီ ပေးဖို့ လူ့အခွင့်အရေး ဆိုင်ရာ ဥရောပ တရားရုံးက အမိန့် ချမှတ်လိုက်ပါတယ်။

ဗြိတိသျှ အစိုးရဟာ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်လို့ လိုက်နာ ထိန်းသိမ်းပေမယ့် ဥရောပ အပြင်ဘက်မှာ အခြေစိုက်တဲ့ သူ့တပ်ဖွဲ့တွေအပေါ် ဒီဥပဒေက အကျိုး သက်ရောက်မှု မရှိဘူးလို့ ဆိုပါတယ်။

အခု တရားရုံး ဆုံးဖြတ်မှုဟာ အထင်ကရ သမိုင်းဝင် ဖြစ်ပြီး ဒါဟာ ဗြိတိန် တရားရုံး တွေမှာ ပယ်ချခံရတဲ့ တခြား အီရတ် လူမျိုးတွေ အတွက် လမ်းဖွင့် ပေးလိုက်သလို ဖြစ်သွား စေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

အီရတ်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ တခြား နိုင်ငံတွေကလည်း ဒီဆုံးဖြတ်ချက်ကို အနီးကပ် စောင့်ကြည့် နေလိမ့်မယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။