နောက်ဆုံး ရေးသားချိန် 8 ဇူလိုင်လ 2011 - 01:31 GMT

အီဂျစ်မှာ ပြောင်းလဲမှုတွေ အမြန်လုပ်ဖို့ ဆန္ဒပြ

Cairo

ကိုင်ရိုမြို့ တာရီရာ ရင်ပြင်မှာ လူတွေစုနေ

အီဂျစ် နိုင်ငံမှာ သမ္မတဟောင်း မူဘာရက်ကို ဖြုတ်ချခဲ့ပြီး ခြောက်လ နီးပါး ရှိလာ ချိန်မှာ တိုင်းပြည်မှာ အပြောင်း အလဲတွေ နှေးကွေး နေသေး တာကြောင့် ဆန္ဒပြ သမား တွေဟာ ကိုင်ရို မြို့လယ်မှာ ဆန္ဒပြဖို့ ပြင်ဆင်နေပါပြီ။

ဆန္ဒပြ သမားတွေဟာ တာရီရာ ရင်ပြင်မှာ ယာယီ ရွက်ဖျင် တဲတွေ ထိုးထားပြီး ယာဉ်လမ်းကြော မပိတ်ဆို့ရေး အတွက် လုပ်ဆောင် နေပေမယ့် လုံခြုံရေး တပ်ဖွဲ့ ရဲအရာရှိ တွေတော့ မတွေ့ရ ပါဘူး။

လက်ရှိ အီဂျစ် အစိုးရဟာ နိုင်ငံရေး အပြောင်းအလဲ လုပ်ဆောင်မှု နှေးကွေး နေတယ်လို့ ပြစ်တင် ပြောဆိုပြီး အစိုးရ ဆန့်ကျင်ရေး အတိုက်အခံ သမားတွေက ဆန္ဒပြဖို့ လှုံဆော်နေတာ ဖြစ်ပါတယ်။

သမ္မတဟောင်း မူဘာရက်နဲ့ အပေါင်းပါ အရာရှိတွေကို အလျင်အမြန် စီရင်ချက် ချပေးဖို့ကိုလည်း သူတို့က တောင်းဆိုနေတာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။