နောက်ဆုံး ရေးသားချိန် 6 ဇူလိုင်လ 2011 - 17:19 GMT

အီးယူက အစားအစာတွေမှာ အဟာရပါဝင်မှု ဖော်ပြရမယ်

EU Food

အီးယူနိုင်ငံတွေက အစားအစာတိုင်းမှာ ဒီလို ပါဝင်မှုတွေ ဖော်ပြရမယ်

ဥရောပနိုင်ငံတွေအတွင်းက အစားအစာ ထုတ်လုပ် ရောင်းချ သူတွေ အနေနဲ့ အစားအစာတွေရဲ့ အဟာရဆိုင်ရာ အချက်အလက် တွေကို ပူးတွဲ ဖော်ပြပြီးမှ ရောင်းချရမယ် ဆိုတဲ့ စည်းမျဉ်းသစ် တွေကို ဥရောပသမဂ္ဂ ကနေ အတည်ပြုလိုက် ပါတယ်။

အဲဒီလို အချက်အလက် ဖော်ပြရာမှာ ကယ်လိုရီ၊ အဆီ နဲ့ သကြားဓာတ် ပါဝင်မှု၊ နောက်ပြီး ဒီအစားအစာက လူတချို့နဲ့ တည့်မတည့် စတာတွေ ပါဝင်ရပါမယ်။

တချို့အီးယူ နိုင်ငံတွေမှာတော့ ဒီလို ဖော်ပြမှုတွေက အရင်ကတည်းက ရှိထားခဲ့ပေမယ့် အခု ထုတ်ပြန်မှု ကတော့ အီးယူ နိုင်ငံ အားလုံးမှာ ဒီလို ဖော်ပြရမယ်ဆိုပြီး ပထမဆုံးအကြိမ် ထုတ်ပြန်တာ ဖြစ်ပါတယ်။

အသားစိမ်းတွေကို ရောင်းချတဲ့အခါမှာလည်း သူတို့ရဲ့ မူရင်းနိုင်ငံ တွေကို ဖော်ပြရ မယ်လို့ ဆိုပါတယ်။

အစားအစာ ထုတ်လုပ်သူတွေ အနေနဲ့ ဒီလို အချက်အလက် အသစ်တွေကို အသေးစိတ် ဖော်ပြဖို့ ပြင်ဆင်ချိန် အနေနဲ့ အခုချိန်ကစပြီး ငါးနှစ်ရရှိမှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။