နောက်ဆုံး ရေးသားချိန် 6 ဇူလိုင်လ 2011 - 17:14 GMT

ဘင်လာဒင်ရဲ့မိသားစုတွေကို ပြန်ခွင့်မပေးသင့်လို့ ပြော

Bin Laden

ဘင်လာဒင်ကို အသေဖမ်းမိခဲ့တဲ့ အိမ်


မကြာခင်က အသေဖမ်းဆီးခံခဲ့ရတဲ့ အိုစမာ ဘင်လာဒင်ရဲ့ ဆွေးမျိုးတွေ ပါကစ္စတန် နိုင်ငံတွင်းကနေ ထွက်ခွာသွားမှာကို ရပ်တန့်ဖို့ ပါကစ္စတန် ကော်မရှင်တစ်ခုကနေ ပါကစ္စတန်အစိုးရကို တိုက်တွန်းလိုက် ပါတယ်။

အိုစမာ ဘင်လာဒင်ကို မေလအတွင်းက အမေရိကန်က သုတ်သင်ခဲ့ပြီးနောက် ဘင်လာဒင်ရဲ့ ဇနီး ၃ ဦးနဲ့ သားသမီးတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

အိုစမာ ဘင်လာဒင်ရဲ့ ကျန်ရစ်သူတွေကို သူတို့ရဲ့ သက်ဆိုင်ရာ မူရင်းနိုင်ငံတွေဆီကို ပြန်ခွင့်ပြုမယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ အချိန်မှာပဲ အခုလို ကော်မရှင် တစ်ရပ်ကနေ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

အသစ်ဖွဲ့စည်းထားတဲ့ ဒီကော်မရှင်က အမေရိကန်ကနေ ဘင်လာဒင်ကို သုတ်သင်ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ အခြေအနေတွေကို လေ့လာသုံးသပ်နိုင်ဖို့ ဖွဲ့စည်းထားတာပါ။

ဒါပေမယ့် ဒီကော်မရှင်ရဲ့ ပါကစ္စတန်အစိုးရအပေါ် သြဇာအာဏာ သက်ရောက်မှုက ဘယ်လောက်ရှိသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။