
ဆန္ဒပြသူတွေက ဘတ်စ်ကားတွေကို မီးရှို့ဖျက်ဆီးခဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင်တွေကနေ ဦးဆောင် ပြုလုပ်တဲ့ နှစ်ရက်တာ သပိတ်မှောက် မှုကြောင့် လုပ်ငန်းတွေ အားလုံးကို ထိခိုက်ခဲ့သလို ဆန္ဒပြ နေသူတွေကို ဖြိုခွဲဖို့ ရဲတွေကလည်း နံပါတ်တုတ်တွေကို အသုံးပြုခဲ့ ပါတယ်။
မနေ့ညတုန်းကလည်း ဆန္ဒပြသူတွေက ဒက္ကာမြို့တော်မှာ ယာဉ်တွေကို မီးရှို့ခဲ့ပါတယ်။
မြို့တော်တွင်းမှာ အခုဆိုရင် ထောင်နဲ့ချီတဲ့ လုံခြုံရေးတွေကို ချထားရပါတယ်။
စျေးဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရသလို ဘတ်စ်ကားနဲ့ ရထားတွေလည်း သွားလာမှုမရှိပဲ ရပ်ဆိုင်းထားရပါတယ်။
ဒီသပိတ်မှောက် ဆန္ဒပြမှုကို ဦးဆောင်တဲ့ အတိုက်အခံ BNP ပါတီဟာ ရွေးကောက်ပွဲ စနစ်ကို အစိုးရက ပြောင်းလိုက်တာကို မကျေမနပ် ဒေါသ ဖြစ်နေကြပါတယ်။

