နောက်ဆုံး ရေးသားချိန် 5 ဇူလိုင်လ 2011 - 15:57 GMT

အသတ်ခံရသူ ရဲ့ ဖုန်းကို မီဒီယာ က ကြားဖြတ်နားထောင်

news of the world

ရူးပတ်မားဒေါ့ ရဲ့ မီဒီယာ တခု ဖုန်းကြားဖြတ် နား ထောင် လို့ ပြဿနာတက်

News International Media Agency ရဲ့ အကြီးအကဲ က သူတို့ ရဲ့ လန်ဒန်အခြေစိုက် လက်ခွဲ မီဒီယာ ကုမ္ပဏီ ဖြစ်တဲ့ News of the World မီဒီယာ က သတင်း စုံစမ်းသူ တဦး ဟာ အသတ်ခံခဲ့ ရတဲ့ အမျိုးသမီးငယ် တဦး ရဲ့ သတင်း ကို စုံစမ်း ဖို့ အတွက် အဲဒီ အမျိုးသမီး ငယ် ရဲ့ မိုဘိုင်းဖုန်း ကို ကြား ဖြတ် နားထောင်တာ ကို လုပ်ခဲ့ တယ် ဆိုတဲ့ စွပ်စွဲချက် တွေ ကို ကြားလိုက် ရတဲ့ အတွက် အလွန် အံ့သြ တုန်လှုပ် မိတယ် လို့ ပြော ပါတယ်။

အဲဒီ ကိစ္စဖြစ်ချိန် ကာလ က News of the World သတင်းစာ မှာ အယ်ဒီတာ အဖြစ် တာဝန် ယူ ခဲ့ တဲ့ အဲဒီ အကြီးအကဲ မစ္စက် ရေဘက်ကာ ဘရုခ် က ဒီကိစ္စ တကယ် တမ်း မှန်ကန်တယ် ဆိုတာ သိရရင် အဲဒီ ဝန်ထမ်း ကို ပြင်းထန်တဲ့ အရေးယူ မှု ဆောင်ရွက် မယ် လို့ ဆို ပါတယ်။

အစောပိုင်း တုန်း ကလည်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဒီကိစ္စ အပေါ် ရှုတ်ချ ခဲ့ပါတယ်။

သတင်းမီဒီယာ သူဌေးကြီး ရူးပတ်မားဒေါ့ ပိုင်ဆိုင်တဲ့ News International Media Agency ဟာ ပြီးခဲ့တဲ့ ကာလ တွေ အတွင်း ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ ရဲ့ မိုဘိုင်း ဖုန်းတွေ ကို ကြားဖြတ် နားထောင် ပြီး သတင်း ရေးသား တဲ့ လုပ်ဆောင်မှု တွေကြောင့် တရားရေး အရ ရင်ဆိုင်မှု တွေ နဲ့ ကြုံနေရ ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။