
ရှက်ဘရစ်နစ်ဆာ မှာ အသတ်ခံ ခဲ့ရသူတွေ ထောင်ချီ ရှိခဲ့
ဘော့စနီးယား စစ်အတွင်း ၁၉၉၅ နှစ်ပိုင်း ရှက်ဘရစ်နစ်ဆာ မြို့မှာ ဖြစ်ခဲ့တဲ့ မူဆလင် အမျိုးသား ၃ ဦး သေဆုံးမှု အတွက် ဒတ်ချ် တပ်ဖွဲ့ မှာ တာဝန် ရှိတယ် လို့ နယ်သာလန် က တရားရုံး တခု က ဆုံးဖြတ် လိုက် ပါတယ်။
အဲဒီတုန်း က ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ် မှာ တာဝန်ယူထားတဲ့ ဒတ်ချ် တပ်ဖွဲ့ အနေနဲ့ သူတို့ ကုလသမဂ္ဂ က စောင့်ရှောက် ထားတဲ့ စခန်း အတွင်း မှာ ခိုလှုံ ရောက်ရှိ နေတဲ့ မူဆလင် အမျိုးသား ၃ ဦး ကို ဘော့စနီးယား ဆာ့ဗ် တပ်တွေ တောင်းဆို တဲ့ အတိုင်း ထုတ်ပေး လိုက် ဖို့ မသင့် ဘူး လို့ တရားရုံး က ဆို ပါတယ်။
ရှက်ဘရက်နစ်ဆာ ကို ဘော့စနီးယား ဆာ့ဗ် တပ်ဖွဲ့ တွေ သိမ်းပိုက် အပြီး အဲဒီမြို့ က မူဆလင် အမျိုးသား ၈၀၀၀ ကျော် အသတ် ခံခဲ့ ရပါတယ်။
အခု တရားရုံး ဆုံးဖြတ်ချက် ဟာ အဆိုပါ ဒုက္ခသည် စခန်း ကမှာ အဲဒီ အချိန်က ရှိနေခဲ့ပြီး အသတ်ခံ ခဲ့ကြ ရတဲ့ တခြား ဘော့စနီးယား မွတ်ဆလင် ဒုက္ခသည် ၂၀၀ ကျော် တို့ အတွက် လျော်ကြေးငွေ ပြန်လည် ရရှိအောင် ကြိုးပမ်း နေကြတဲ့ သူ တွေ အတွက် လမ်း ပိုပွင့် သွားပြီ လို့ လည်း ဆိုကြ ပါတယ်။

